Part 31(Uni+ Zaw)

19.6K 1.4K 51
                                    

Arr Ah Daddy
Part 31(Uni)


ကားရပ်ရာကို ကြည့်လိုက်တော့ နာမည်ကြီး စားသောက်ဆိုင်တစ်ခု။ ဆိုင်ရဲ့ အရှေ့မျက်နှာစာက အစ အပြင်အဆင်က အရမ်းလှသည်။ အပြင်အဆင်မှာ တရုတ်ရိုးရာနှင့် အညီ အလှဆင်ထားသည်။ နာမည်ကြီး ပန်းချီကားများ ပန်းအိုးများဖြင့် ဆိုင်အတွင်းပိုင်းတွင်စီရီထားသည်။

ဆိုင်ရှိ ဝန်ထမ်းများကလည်း ရိုးရာ မကျတစ်ကျ အကျိ်များကို ဝတ်ဆင်ထားသည်။ ရိုးရာအကျိ်ကိုမှ ခေတ်သစ် ဒီဇိုင်းဆို ပိုမှန်မှာပေါ့။အနက်နဲ့ အနီပေါင်းဆက်ထားတဲ့ အကျိ်လေးတွေ မိန်းကလေးဝန်ထမ်းဆို ဂါဝန်က ဒူး လောက်အထိ ယောကျာ်းလေးဝန်ထမ်းဆို အနက်နဲ့ အနီ ပေါင်းဆက်ထားတဲ့ အကျိ်လက်ရှည်နဲ့ အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားတယ်။


ရှောင်ကျန့်အနေနဲ့ daddy က နေရာတော်တော်များများ လိုက်ပို့ဖူးပေမဲ့ ဒီစားသောက်ဆိုင်ကိုတော့ အခုမှ ပထမဆုံးရောက်ဖူးခြင်းပင်။ အပြင်အဆင် တစ်ခုချင်းစီက ရှောင်ကျန့်ဖို့ ငေးစရာများ ဖြစ်နေသည်။


"မဂ်လာပါရှင့် ကြိုတင် ဘိုကင် ယူထားပါသလား"

ဝန်ထမ်းမိန်းကလေး အမေးကို ရီပေါ်ကဘဲ ဖြေလိုက်သည်။ ရှောင်ကျန့်ကတော့ ဘေးတွင် ရပ်နေသည်။

"မိုရှောက်ယွမ်တို့ နဲ့ ချိန်းထားတာ"

"CEO မို တို့နဲ့လား အနောက်ကလိုက်ခဲ့ပါရှင့်"

တစ်လမ်းလုံး  အထူးအဆန်းဖြစ်နေပြီး မျက်လုံးလေး ပြူးကာ လိုက်ပြီးကြည့်နေသူလေးကို ရီပေါ် ကြည့်နေမိသည်။ ကလေးက ဒီလိုနေရာမျိုးကို ကြိုက်တယ်မှန်းသိရင် စောစောကတည်းက လိုက်ပို့ပေးခဲ့ပါတယ် လို့ တွေးနေမိတယ်။


ဝန်ထမ်းကောင်မလေး ခေါ်သွားသည့်နေရာက ဆိုင်ရဲ့ ဒုတိယအထပ် VIP အခန်းဖြစ်တယ်။ အခန်းထဲ ဝင်သွားတော့ လက်ထက်ပွဲတုန်းက တွေ့ရတဲ့ daddy သူငယ်ချင်း သုံးယောက်အပြင် အမျိုးသမီး နှစ်ယောက်ကိုလည်း တွေ့ရသည်။

ထိုင်ရသည့်နေရာလေးတွေက ထိုင်ခုံနဲ့ မဟုတ်ဘဲ ကြမ်းခင်းပေါ်တွင် ထိုင်ရသည့်ပုံစံဖြစ်သည်။ daddy နဲ့ အတူ နေရာလွတ်တွင် ထိုင်လိုက်ကြသည်။


Arr Ah Daddy (Complete)Tempat cerita menjadi hidup. Temukan sekarang