Part 24(Uni +Zaw)🔞

26.7K 1.5K 38
                                    

Arr Ah Daddy
Part 24(Uni)🔞


ညနေစာ စားချိန်ကျ ဝမ်အိမ်တော်တွင် မိသားစုများ စုံစုံလင်လင် ရောက်​လေပြီ။ ရီပေါ်က စားပွဲ ထိပ်တွင် ထိုင်ကာ ညာဘက်တွင် ရှောင်ကျန့်ထိုင်သည်။ ဘယ်ဘက်တွင် ရီလျှို့နှင့် ရွယ်ယိ့ တို့ အတူထိုင်ကြတယ်။

စားပွဲပေါ်တွင် အသီးအရွက် အစုံကြော်တစ်ပွဲရယ် ငါးကင်ရယ် ဝက်နံရိုး စွပ်ပြုတ်ရယ် မုန်လာဥနီသုပ် တစ်ပွဲရယ် စုံလင်လှသည်။


ဟင်းနံ့လေးက မွှေးကာ မြင်သောသူကို ဗိုက်ဆာစေသည်။ ရီပေါ်က ရှောင်ကျန့်ကို ကြည့်ကာ

"ဘာလို့ မီးဖိုချောင်ထဲ ဝင်ရတာလဲ"

"daddy က အလုပ် ပင်ပန်းလာတဲ့သူလေ ညစာ ကောင်းကောင်းလေး စားစေချင်လို့ပါ"

"ကျေးဇူးဘဲ ပင်ပန်းသွားရပြီ"

"ဒါလေး စားကြည့်"

ရှောင်ကျန့်က ငါးအသားကို တူနဲ့ ဖဲ့ယူလိုက်ပြီး ရီပေါ့် ပန်းကန်ထဲကို ထဲ့ပေးလိုက်လေသည်။ ရီပေါ်လဲ ချက်ချင်းပင် တူနဲ့ ယူကာ ပါးစပ်ထဲ ထဲ့ပြီးစားလိုက်သည်။ ပြီးတော့ ပြုံးပြီး ရှောင်ကျန့်ကို '''အရမ်းကို အရသာ ရှိတာဘဲ"' ဟု ပြော​လိုက်သည်။

ကြင်စဦးတွေထက် ပိုပြီး အကဲပိုနေသော အဖေတို့ စုံတွဲကို ကြည့်ကာ ရီလျှို့နှင့် ရွယ်ယိ့တို့ တူပင် ကောက်မကိုင်ရသေးပေ။

ရီလျှို့လဲ ဇွန်းကောက်ကိုင်ကာ နံရိုးစွပ်ပြုတ်အရည်လေးကို မြည်းကြည့်လိုက်တော့ အရမ်းကို အရသာ ရှိတယ်။ ရွယ်ယိ့လဲ ဟင်းတွေ မြည်းကြည့်တော့ အရသာ ရှိတာကို တွေ့လိုက်ရသည်။


ရွယ်ယိ့ လက်သီးစုတ်ကာ ရှောင်ကျန့် နင်က ဘာမလို့ ငါ့ထက် သာနေရတာလဲ။ တွေ့မယ် နင့်ကို အကြော မခံဘူး။.ပါးပါး အရမ်း ဖြစ်ချင်နေတယ်ပေါ့။ အဟက် အဖေနဲ့ ကွဲအောင်ကို လုပ်ပစ်မယ်။

သူမ မျက်လုံးထဲ ရီပေါ်က ရှောင်ကျန့်ကို ဂရုတစိုက် ကြင်ကြင်နာနာ ဆက်ဆံနေတာကိုလဲ အမြင်မကြည်ပါ။ ရီလျှို့ကျ သူမကို အဲ့လို ဂရုမစိုက်ဘူးလေ။

ထမင်းစားပြီးတော့ ရှောင်ကျန့်က ပန်းကန်သိမ်းဖို့ ပြင်ချိန် ရီပေါ်က ရှောင်ကျန့်လက်ကို ဆွဲကာ

Arr Ah Daddy (Complete)Where stories live. Discover now