Part 9(Uni+ Zaw)

22.1K 1.9K 33
                                    

Arr Ah Daddy
Part 9(Uni)


ရှောင်ကျန့် လမ်းပြမှု့နဲ့ နောက်ဆုံးတော့ ရှောင်ကျန့်နေထိုင်ရာ တိုက်ခန်းလေးသို့ ရောက်လေပြီ။ ရီပေါ်က ဒီကောင်လေး နေသော နေရာကို တစ်ချက်ကြည့်မိသည်။ တိုက်ခန်းတွဲလေးတွေက အခန်းကျဥ်းကာ အထပ်တွေက များသည်။ အကုန်ငှားနေကြရာ နေရာဖြစ်ဟန်ရှိသည်။ တိုက်ခန်းပုံစံတွေက ဆင်တူကာ ဟောင်းနွမ်းနေသည်​။ စျေးနဲနဲ ဖြင့် ငှားရမည့်ပုံ။ ရီပေါ် မသိသည်က သူ့အတွက်သာ စျေးနည်းနေခြင်း ဖြစ်သော်လည်း ရှောင်ကျန့်လို ကိုယ့်စရိတ် ကိုယ်ကျောင်းနေရသူအဖို့ စျေးက များလှသည်။ အချိန်ပိုင်းအလုပ် သုံး လေး ခုလုပ်ကာ တစ်နေ့ကို အစား နှစ်နှပ်သာစား၍ စုရခြင်းဖြစ်သည်။ အဲ့ နှစ်နှပ်မှာ ထမင်းစားရသည်မဟုတ်။ ကြုံရာ အသင့်စား ပေါင်မုန့် ခေါက်ဆွဲ တို့သည်သာ။


ရှောင်ကျန့်က ရီပေါ် သူနေသော နေရာကို ကြည့်နေတာ သတိထားမိတယ်။ သူကဘဲ ပြုံးပြီး စကားစလိုက်တယ်။

"လူကြီး လိုက်ပို့ပေးလို့ကျေးဇူးပါ ကျွန်တော်နေတဲ့ နေရာရောက်ပြီ"

ရီပေါ်က ရှောင်ကျန့်ရဲ့ လူကြီး ဆိုသော ခေါ်သံလေးကို လွန်စွာ သဘောကျသည်။ သူ့ကို ဘယ်သူမှ အဲ့လို ခေါ်တဲ့လူမရှိပေ။ မခေါ်ရဲကြတာလဲ ပါသည်။

ရှောင်ကျန့်ကကြ ရီပေါ့်ကို အကို လို့ ခေါ်ရအောင်အထိ မငယ်သလို။ ဦးလေး ဟု ခေါ်ရလောက်ထိလဲ မကြီး သေးပေ။ နာမည် ခေါ်ရဖို့ကလဲ ရိုင်းရာ ကြသည်။ အဲ့တာကြောင့် လူကြီးဟုသာ ခေါ်ဆိုခြင်းဖြစ်သည်။ ရီပေါ်ကလဲ သူ့ကို အဲ့လိုခေါ်တာ ဘယ်လိုမှ မနေတော့ လူကြီး ဟူသော အသုံးလေးဖြင့်သာ အမြဲခေါ်တော့သည်။


ရီပေါ်က ရှောင်ကျန့်ဘယ်လိုမျိုး နေလဲ ဆိုတာသိချင်တော့ ရှောင်ကျန့်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

ဒီအထိတောင် လိုက်ပို့ ပေးရတာ ကိုယ့်ကို အထဲ မခေါ်တော့ဘူးလား

"အဲ့လို မဟုတ်ပါဘူး ကျွန်တော်နေတဲ့နေရာက လူကြီးကို ဧည့်ခံ​ရလောက်အောင်မထိ မကောင်းလို့ပါ"

ရှောင်ကျန့်က မျက်နှာပေါ် ဘာအမူအရာမှ မပြဘဲ ပုံမှန် အတိုင်း ပြန်ဖြေ လိုက်သည်။ ခဏတွေးဟန် လုပ်ပြီးတော့မှ ဆက်ပြောလာသည်။

Arr Ah Daddy (Complete)Where stories live. Discover now