Part 41(Uni+ Zaw)

19.6K 1.3K 81
                                    

Arr Ah Daddy
Part 41(Uni)

၃ နှစ်ခန့် ကြာပြီးနောက်

"ပါးပါး..........ပါးပါး"

"အူဝါး.........ပါးပါး တို့ရဲ့ ဝမ်ရီရှဲ့လေး လေးက ချစ်ဖို့ကောင်းလိုက်တာ"

ရှောင်ကျန့် ပြောပြီးတာနဲ့ ရီရှဲ့လေးရဲ့ ပါးနှစ်ဖက်ကို နမ်းလိုက်သည်။ ဘေးက ရီပေါ်ကလဲ သားလေးနဲ့တီတီတာတာပြောနေသူလေးကို ငေးကြည့်နေမိသည်။ ရီရှဲ့လေးက အဖေနဲ့ ပါးပါးရဲ့ အလယ်ကနေ ရယ်နေသည်။

သူတို့ရဲ့ မနက်ခင်းလေးက သာယာနေသည်။ ဒီနှစ်ဆို ရီပေါ်က အသက် ၄၀ပြည့်ပြီ။ အသက်ကြီးလာသော်လည်း အရွယ်တင်သည်ဟု ဆိုရမည်။ စိတ်ပျော်နေလို့လဲ ဖြစ်မယ်။ ကလေးငယ်လေး ရှိနေတာဆိုတော့ သူတို့ အမြဲ စိတ်ချမ်းသာရသည်။

နှစ်တွေ ဘယ်လောက်ကြာကြာ ရီပေါ်နဲ့ ရှောင်ကျန့် တို့ ကြားက အချစ်က လျော့သွားတယ် မရှိ ပိုလို့သာ တိုးလာသည်။ အခုဆို သူတို့ကြားတွင် နှောင်ကြိုးလေးကလဲ တင်းကျပ်စွာ ချည်နှောင်ထားလေသည်။

ရှောင်ကျန့်က ဒီနှစ်ဆို ၂၃ နှစ်ရှိပြီ။ ဆံပင်ကို ဘေးခွဲထားပြီး အမြဲ လူကြီးပုံ ဖမ်းလေ့ရှိသည်။ တကယ်က သူ့ daddy နဲ့ အသက်ကွာနေတာကို မကြိုက်တာကြောင့် ဖြစ်တယ်။ အဲ့တာကြောင့် daddy နဲ့ ရွယ်တူ ပုံ အမြဲဖမ်းတယ်။

ရီပေါ်က သိပေမဲ့ ဘာမှ မပြောပေ။ သူ့ကောင်လေး စိတ်ချမ်းသာသလို နေပါစေဆိုပြီး လွှတ်ထားတယ်။ သူကသာ ရွယ်တူ ဖြစ်သွားတယ်လို့ ထင်နေပေမဲ့ လူကြီးပုံဖမ်းထားတဲ့ ကလေးလိုမျိုး ဖြစ်နေသည်။ ဒါပေမဲ့ ရီပေါ် မပြောပေ။ ဘာလို့လဲ ဆို​တော့ သူလေးက ကလေးလို့ပြောရင် မကြိုက်လို့လေ။

"ရီရှဲ့လေး သားလေးရဲ့ ဖေဖေနာမည်က ဘယ်လို ခေါ်လဲ"

"ဝက်...ကြီး.....ပေါ်"

"မဟုတ်ဘူးလေ သားသားရဲ့
ဝမ်.....ရီ​.....ပေါ်......"

ရှောင်ကျန့် တစ်လုံးချင်းစီ ပြောပြလိုက်တယ်။ ရီရှဲ့ လေးကလဲ နားလည်သွားဟန် ခေါင်းညိမ့်ပြပြီး သူ့ပါးပါးကို ထပ် ပြောပြသည်။

"ဝက်ကြီးပေါ်......"

ရှောင်ကျန့် ရယ်လိုက်ကာ မနိုင်ဘူး ဆိုတဲ့ အကြည့်နဲ့ သားလေးကို ကြည့်လိုက်ပြီး

Arr Ah Daddy (Complete)Where stories live. Discover now