Arr Ah Daddy
Part 13(Uni)ရီလျှို့က မျက်လုံးကြီး ပြူးကာ သူ့အဖေနဲ့ ရှောင်ကျန့်ကို တစ်လှည့်စီ ကြည့်နေသည်။ ဒေါ်ကြီးစုကလဲ အံ့သြပေမဲ့ ဘာစကားမှ ဝင်မပြောရဲပေ။ သူက ဒီအိမ်ရဲ့ အခိုင်းအစေ အပြင် မပိုဘူးမလား။ ဒါပေမဲ့ သူမ သဘောမတူချင်ပါ။ ဒေါ်ကြီးစု က အရင်ဇနီးရဲ့ လူ ဖြစ်တာကြောင့် ရှောင်ကျန့်နဲ့ လက်ထက်မှာကို မလိုလားတာပါ။ ဒါ့အပြင် လက်ထက်မဲ့သူက ယောကျာ်းလေး ဖြစ်နေခြင်း။
"အဖေ တကယ်ပြောနေတာလား အမေ့ကို မချစ်တော့ဘူးလား "
ရီလျှို့ရဲ့ ကန့်ကွက်စကားတွေဟာ ရုတ်တရက်မဆို ထွက်လာလေသည်။ သူတကယ်ဖြစ်နေခြင်းက သူ့အဖေကို လက်မထက်စေချင်တာလား လက်ထက်မဲ့သူက ရှောင်ကျန့်ဖြစ်နေလို့လား ဆိုတာ သူကိုယ်တိုင်ပင် မသိပေ။
ရှောင်ကျန့်လဲ ရီပေါ် ဘာပြောမလဲ ဆိုတာ တိတ်တဆိတ် စောင့်နားထောင်နေမိတယ်။ သူ့ရဲ့ အရင်ဇနီးကို မေ့နေခြင်းပင်။ သူတို့က ချစ်လို့ ယူကြတာမလား။ ရီပေါ်က သူ့ ဇနီး ဆုံးသွားပြီး ၁၁နှစ်ကြာ တိုင်အောင် တစ်ကိုယ်ထဲ သမား အဖြစ် နေခဲ့သည်။ ဒီအဓိပ္ပါယ်က အရင်ဇနီးကို ချစ်သည် ဟု ဆိုလိုတာမလား။ ရှောင်ကျန့်ရင်ထဲ ပြောမပြတတ်တဲ့ ခံစားချက် တစ်ခု ဝင်လာကာ ရီပေါ် ဘာပြောမလဲ ဆိုတာ ကို နားထောင်ဖို့ စိတ်က ဒွိဟ ဖြစ်နေသည်။
ထိုအချိန် ရီပေါ်စီက အသံ ထွက်လာသည်။
"ရီလျှို့ မင်းအသက်က မကြာခင် ၁၉ နှစ် ဖြစ်တော့မှာ။ ကလေး မဟုတ်တော့ဘူး။ ပြီးတော့ငါဆုံးဖြတ်ပြီးသားကိစ္စကို မပြင်တော့ဘူး"
အဖေ ဆုံးဖြတ်ပြီးပြီ ဆိုတော့မှ ရီလျှို့ ဘာပြောလို့ ရအုံးမှာလဲ။ သူ့အဖေကို သူကြောက်ပါသည်။ အဖေက အေးတိအေးစက် နိုင်သည်မို့ သူတို့သားအဖနှစ်ယောက်ဟာ သာမန် သားအဖတွေလိုတော့ အရမ်းမရင်းနှီးပေ။
ဝမ်ရီပေါ်က သူ့သားကို အဖေတာဝန် ကျေပွန်အောင် အကုန် ဖြည့်ဆည်းပေးသည်။ ဆုံးမစရာ ရှိရင် ဆုံးမသည်။ ဒါပေမဲ့ သူတို့သားအဖဟာ နဲနဲ အနေစိမ်းသည်။
ရီပေါ်က ပြောပြီးတာနဲ့ ရှောင်ကျန့်လက်ကို ဆွဲကာ သူ့အိပ်ခန်းထဲ ပြန်ခေါ်သွားသည်။ ရီလျှို့ကလဲ ကြာကြာ မနေပါ။ သူ့အခန်းသူ ပြန်သွားလေသည်။
ESTÁS LEYENDO
Arr Ah Daddy (Complete)
Fanficသစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်ကျန့်~~ မင်းလေး ကိုယ့်ကို လိုသလို အသုံးချပါ daddy က baby အပိုင်ပါဘဲ ~~ဝမ်ရီပေါ်~~ နောက်ဆုံးမှ သိလိုက...