Arr Ah Daddy
Part 19(Uni)မနက်ည မနက်ည ဆိုပြီး ပြောင်းလဲ သွားလိုက်တာ ဘာလိုလိုနဲ့ ကျွန်တော်တို့ အိမ်ထောင်သက်က ၁လ ကျော်သွားလေသည်။ နေ့တိုင်းကတော့ ပုံမှန်အတိုင်းပါဘဲ။ ကျွန်တော်က daddy အတွက် နေ့တိုင်း ချက်ပြုတ်ပေးတယ်။ အဝတ်အစား ပြင်ဆင်ပေးတယ်။ ကျောင်းပိတ်ရက်မှာ daddy ဝေယာဝေစ ဘဲ လုပ်ဖြစ်တယ်။ တစ်ခါတစ်လေ daddy ရုံးကို လိုက်သွားတယ်။ ကျွန်တော် အလုပ်လုပ်မယ် ပြောတော့ daddy က ခွင့်မပြုဘူး။
Daddy ကလဲ ကျွန်တော့်ကို အမြဲ ဂရုစိုက်ပေးသည်။ daddy လို ယောကျာ်းမျိုးနဲ့ ပေါင်းဖက်ရတာ ကျွန်တော့်အတွက်တော့ ဆုလာဘ် လိုပင်။ ဒါပေမဲ့ တစ်ခုဘဲ။ daddy က ညတိုင်း သူ့ရဲ့ မပြီး ပြတ်တဲ့ အလုပ်တွေဘဲ လုပ်လေ့ရှိတယ်။ မဂ်လာဦးညကလွဲလို့ ဘယ်နေ့မှ pa pa pa မဖြစ်တော့ပေ။
ညစဥ် ဖက်အိပ် တာက လွဲလို့ ကျန်တာမလုပ်ပေ။ လုပ်ချင်လို့တော့ မဟုတ်ပေမဲ့ ဘာဘဲ ပြောပြော အိမ်ထောင်သည်တွေမလား။ ကျွန်တော့်ကို မထိချင်တာလား ဒါမှမဟုတ် မိန်းမတွေလိုမျိုး သာယာမှု မပေးနိုင်လို့လား ဆိုပြီး အတွေးများပေမဲ့ daddy က အမြဲ နွေးထွေးစွာ ဆက်ဆံသည်မို့ ကိုယ့်အတွေးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။
သြော် daddy က ၃၅နှစ်အရွယ် ရင့်ကျက် တည်ငြိမ်တဲ့ လူကြီးလေ။ အလုပ်များလို့ နေမှာ။ အဲ့အရာတွေကို စိတ်မဝင်စားတာ။
ရီပေါ် နိုးနေတာကြာပေမဲ့ သူ့မျက်နှာကို ကိုင်ကာ အတွေးများနေသူလေးကြောင့် ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေတာ ဖြစ်တယ်။
ခဏကြာတော့
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကလေးက လန့်သွားဟန် လက်ကလေးကို ရုတ်လိုက်တော့ ကိုယ်က အဲ့ လက်ကလေးကို ဆွဲလိုက်လေသည်။ ကလေးကတော့ မျက်လုံးလေးကို ပြူးပြီး ကြည့်နေလေရဲ့။
"ဘာလို့ ကိုယ်ကို အဲ့လောက်ကြည့်နေတာလဲ"
"ဘယ်သူက ကြည့်လို့လဲ မကြည့်ပါဘူး"
တွေ့လား ဒီကလေးက မလိမ်တတ်ဘူး။ သူလေးလိမ်ပြောတာနဲ့ မျက်လုံးက ကလယ်ကလယ်နဲ့ ကိုယ့်ရဲ့ မျက်လုံးကို တဲ့တဲ့မကြည့်တော့ပေ။
YOU ARE READING
Arr Ah Daddy (Complete)
Fanfictionသစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်ကျန့်~~ မင်းလေး ကိုယ့်ကို လိုသလို အသုံးချပါ daddy က baby အပိုင်ပါဘဲ ~~ဝမ်ရီပေါ်~~ နောက်ဆုံးမှ သိလိုက...