Part 37(Uni+ Zaw)

19.3K 1.4K 64
                                    

Arr Ah Daddy
Part 37(Uni)


"Morning ကျန့်လေး"

နှုတ်ခမ်းကို ပြွတ်ခနဲ မြည်အောင် နမ်းလိုက်ပြီး လက်ထဲတွင် နို့ခွက်လေးနဲ့အတူ လာနိုးတဲ့ daddy ရယ်ပါ။

"မထချင်သေးဘူး"

မျက်လုံးမပွင့်တပွင့်နဲ့ ပြောလာသူလေးက အရမ်းကို အသဲယားဖို့ ကောင်းလေသည်။ ရီပေါ် မနေနိုင်စွာနဲ့ ပါးကို ဖျစ်လိုက်လေသည်။

"ဟာ......ကိုယ့် ကလေးက တစ်နေ့တစ်ခြား အပျင်းလေး ဖြစ်နေပြီနော်"


"ဟွန့် .......ဘယ်သူက အပျင်းလဲ"


ကုတင်ပေါ်ကနေ ဆင်းသွားပြီး ခြေဆောင့်ကာ ရေချိုးခန်းထဲ ဝင်သွားသူလေးပါ။

"ဖြေးဖြေးသွားကလေးရဲ့ ချော်လဲနေမယ်"

ရီပေါ့်မှာ အော်ပြီး သတိလှမ်းပေးလိုက်ရသေးသည်။ ဒီကလေးက ကိုယ်ဝန်ရမှ ပိုပြီး စိတ်မြန်လက်မြန် ဖြစ်နေသည်။ တည်ငြိမ်တဲ့ ဆိုတဲ့ ဂုဏ်ပုဒ်က အခုရီပေါ် နဲ့ လားလားမှပင် မဆိုင်တော့ပါ။ အရင်တုန်းက သူ့ရှေ့တွင် မြေပြိုရင်တောင် သူနှင့် မဆိုင်သည့်အလား တည်ငြိမ်နေသူကြီးက အခုတော့ ရှောင်ကျန့် မျက်ခုံးလေး ကြုံ့နေသည်ကအစ တစ်ခုခု ဖြစ်လို့လား တစ်နေရာရာက နာလို့လား တစ်စုံတရာ စိတ်ညစ်စရာ ရှိလို့လား ဆိုပြီး အမြဲ အတွေးများနေသည်။


လမ်းလျောက်တာမြန်ရင် ချော်လဲမှာစိုးလို့ စိတ်ပူရတာ တစ်မျိုးနဲ့ အသက်ပင် တိုတော့မည်။


ခဏကြာတော့ ရှောင်ကျန့် ရေချိုးခန်းက ထွက်လာလေသည်။ ရီပေါ်က ရှောင်ကျန့်အတွက် ဝတ်စုံရွေးပေးထားပြီး ကုတင်စွန်းတွင် ခြေထောက်ချိတ်ကာ ထိုင်စောင့်နေသည်။

"ကျန့်လေး နို့လေး အရင်သောက်လိုက်"

"ဟုတ်ကဲ့ daddy"

daddy ကမ်းပေးလိုက်တဲ့ နို့နွေးနွေးလေးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ daddy ကတော့ ကျွန်တော့် လွယ်အိတ်ထဲကို စာအုပ်တွေ ထည့်ပေးနေသည်။


တက္ကသိုလ်ပြန်ဖွင့်နေပြီလေ။ ကျန့်လေးတို့က final year ရောက်သွားပြီး။ ဘာလိုလိုနဲ့ daddy နဲ့ လက်ထက်တာ အိမ်ထောင်သက် ၂နှစ် ပြည့်နေလေပြီ။

Arr Ah Daddy (Complete)Where stories live. Discover now