🦊🏜️
တကယ်ကိုထူးဆန်းတဲ့လူပဲ ငါသူ့ကိုသိတယ်လို့လဲ လက်မလျော့စတမ်း ပြောနေသေးတယ် ငါကတော့အဲ့လိုထူးဆန်းတဲ့လူတစ်ယောက်ကိုမသိပါဘူး ။လမ်းကြားထဲကထွက်လာပြီး
အားတုကို တံတားပေါ်မှာ ထိုင်နေတာတွေ့လိုက်ရတယ်။
သူမက အတိတ်မေ့နေတဲ့ ပုံစံနဲ့ ငါ့ကိုကြည့်ပဲကြည့်နေရော ။
" နင်ဘယ်တွေသွားနေတာလဲ ။စိတ်ပူလို့သေတော့မယ်။" လို့မေးလိုက်တယ်။
အားတုက မလှုပ်မရှားပဲထိုင်နေတယ် ငါသူ့ကိုကိုင်ပြီးလှုပ်လိုက်တာတောင် သူမကတစက်မှမရွေ့ဘူး ။
အဲ့ဒီအချိန်မှာပဲ ကူကျန်း ရောက်လာပြီး အားတု ရှေ့မှာ လက်ဖျောက်တချက်အသာတီးလိုက်တော့ ။
" ကျီ" ဆိုတဲ့အသံတစ်သံပဲကြားလိုက်ရပြီး အားတု သူ့ရဲ့ရွှေဓားကောက်ကိုလက်တစ်ဖက်ကကိုင်ရင်းေနာက်တစ်ဖက်က ငါ့ကိုသူမအနောက်ကိုဆွဲလိုက်ပြီး ရှေ့ကိုခုန်ထွက်လာတယ်။
ကူကျန်းက အေးေဆးပြုံးလိုက်ပြီး
"လွန်ခဲ့သုံးနှစ်ကတည်းကငါတို့ တိုက်ခိုက်ခဲ့တာ ၊ ခုဏက ငါမင်းရဲ့မေ့ကြောကို ချိတ်ပိတ်ဖို့ လက်တချောင်းပဲသုံးစရာလိုတယ်။မင်းနားမလည်ဘူးလား ငါသာတကယ်တစ်ခုခုလုပ်ချင်ရင် မင်းတစ်ယောက်တည်း နဲ့ငါ့ကို တားနိုင်မှာတဲ့လား" လို့ပြောလာတယ်။အားတုကတော့ တစ်ခွန်းမှမဟပဲ သူ့ကိုပဲ ခက်ခက်ထန်ထန် ကြည့်နေတယ် သူမပုံစံ က ကြက်အမေကြီး သူ့သားပေါက်လေးတွေကိုကာကွယ်နေတဲ့ပုံစံလိုပဲ ။
တစ်ခါက လီချန်းရင် နဲ့ ရန်ဖြစ်ရင်း လီချန်းရင် တအားတွေ ေဒါသထွက် ပြီးငါ့ကို လဲကျအောင်လုပ်တုန်းကလည်း အားတုက သူ့ကို ဒီလိုပုံစံနဲ့ စိုက်ကြည့်နေခဲ့တာ။
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...