东宫 Eastern Palace: Chapter 12လီချန်းရင်လဲကျ မသွားအောင် ငါ့လက်တွေနဲ့ထိန်းပေးထားရပြီး ၊ ဒဏ်ရာ သွေးတွေ အဆက်မပြတ်ထွက်နေတာကြောင့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကလည်း သွေးတွေနဲ့ ရွှဲနစ်နေတာပဲ ။
ငါစိတ်ပူနေရင်းနဲ့ တစ်ပြိုင်နက် ကြောက်နေမိတယ် ။
"မင်း ထိခိုက်မိသွားသေးလား? ......" လို့သူက မေးလာတယ် ။
သူစကားပြောလို့ မဆုံးသေခင်မှာပင် ပါးစပ်ထဲကနေသွေးတစ်ပွက် အန်ပြီးနေပြီ ။
သွေးတွေကငါ့ဝတ်ရုံပေါ်အထိတောင် စီးကျလာတယ် ။
ငါအမြဲတမ်း လီချန်းရင်ကို မုန်းနေခဲ့ပေမဲ့ သူ့ကို တော့ ဘယ်တော့မှ မသေစေချင်ခဲ့ဘူး ။
ငါ့သူ့လက်တွေကို ဆုပ်ကိုင်ထားခဲ့တယ် ။ သူ့ပါးစပ် တစ်ခုလုံး သွေးတွေနဲ့ချည်း ပြည့်နေပေမဲ့လည်း သူက ရယ်နေရင်းနဲ့ :"ငါ မင်းငိုတာ အရင်က မမြင်ခဲ့ဖူးဘူး ............. မင်း မုဆိုးမ ဖြစ်လာမှာ ကိုကြောက်နေတာမလား ?...."
ဒီအခိုက်အတန့်မှာ သူက စနောက်နေတာဖြစ်ပေမဲ့ ၊
ငါ့မျက်ရည်တွေက ပိုလို့ တောင်ကျလို့လာတယ် ။အလောတကြီးနဲ့ သူ့ဒဏ်ရာကို လက်နဲ့ အုပ်ထားပေးဖို့ကြိုးစားပေမဲ့လည်း ဒဏ်ရာက ဆက်ပြ သွေးထွက်တာပိုများလာတုန်းပဲ ။
ငါအရမ်းကို ကြောက်နေမိတယ် ။
နန်းတွင်းသူတွေအမြောက်အများ ပြေးဝင်လာကြပေမဲ့ တချို့ကလည်း သွေးတွေကို မြင်ပြီးမေ့လဲတဲ့သူတွေလည်း ရှိကြတာကြောင့် နန်းဆောင်တစ်ခုလုံး က ထိန့်လန့်တကြား ဝရုန်းသုန်းကားအခြေအနေပဲ ။
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...