🏜️🦊
东宫 Eastern Palace: Chapter 14ငါဘယ်အချိန်မှာအိပ်ပျော်သွားသလဲဆိုတာတော့ ငါမသိတော့ဘူး ။
ငါမှတ်မိသမျှကတော့ နန်းတွင်းသမားတော်တွေ အချင်းချင်းစကားတွေပြောနေကြရင်းနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေကြတာကိုပဲ ။
ငါနိုးလာတော့ ငါလီချန်းရင်ရဲ့ အိပ်ယာဘေးနားမှာ စောင်ခြုံထားရင်းနဲ့ လှဲ လျောင်း နေခဲ့တယ် ။
ငါခြေထောက်တွေကထုံကျင်နေလို့ လှုပ်တောင်မလှုပ်နိုင်ဘူး ။လှုပ်လိုက်တာနဲ့ ငါအရိုးတွေ ကျိုးသွားလိမ့်မယ်..........ငါအရမ်းကိုအိပ်မောကျသွားတာကြောင့် လီချန်းရင်ရဲ့ ဝတ်ရုံလက် ပေါ်မှာတောင် အိပ်ရင်းသရေတွေကျနေသေးတယ် ။....
လီချန်းရင်ရဲ့ဝတ်ရုံလက်!!!!
ငါရုတ်တရက် ထတောင်ခုန်လိုက်မိပြီ ။
တစ်ညလုံး ငါ လီချန်းရင်ရဲ့ ပုခုံးပေါ်မှာ မေးတင်ပြီးအိပ်နေခဲ့တာပဲ ၊ အတွင်းနန်းဆောင်က တိတ်ဆိတ်နေပြီး ၊ လူတစ်ယောက်တလေမှတောင်မရှိဘူး ။
လီချန်းရင်က နိုးနှင့်နေပြီး ငါ့ကို ခပ်ယဲ့ယဲ့ပြုံးရင်းနဲ့ ကြည့်နေတယ် ။
ငါသူ့ရဲ့မျက်နှာအမူအယာကို ကြည့်လိုက်တော့ သူသက်သာနေပြီဆိုတာငါသိလိုက်ပြီ ။
ငါ ရှိသမျှ အားအင်တွေအကုန်ဖြစ်ညှစ်ပြီး ခြေထောက်တွေ ထုံကျင်နေတာကို သက်သာအောင်လုပ်ဖို့ ကြိုးစားပေမဲ့ ၊ ငါ့ကြိုးပမ်းမှုတွေက အချည်းအနှီးပဲ ။ ငါမတ်တပ်တောင်မရပ်နိုင်ဘူး ။
ငါ့ခါးကလည်း .......မနက်ခင်းမိုးလင်းနေပြီ ။ ငါ့ခါးတွေကယောင်ယမ်းပြီးနာကျင်နေတယ် ။ လှည်းတစ်စီးငါ့ခါးပေါ်က ဖြတ်ပြေးသွားတဲ့အတိုင်း ။ ငါနောက်တစ်ခါဘယ်တော့မှ ဒီလိုထပ်မအိပ်တော့ဘူး ။
ငါ ရှိသမျှအားအင် အကုန်ထုတ်သုံးလိုက်ပြီးတဲ့နောက်မှာတော့ ငါ့လက်နဲ့ ထောက်ပြီး မတ်တပ်ရပ်နိုင်ခဲ့ပြီ ။ တစ်လှမ်းချင်းစီ လမ်းလျှောက် ကြည့်တယ် ။
ငါ့ကို တွဲကူပေးကို တစ်ယောက်ယောက်ကိုခေါ်လိုက်သင့်လား ငါ့ဘာသာပဲ ဆက်လျှောက်လိုက်ရမလား မသိတော့ဘူး ။
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...