东宫 Eastern Palace: Chapter 23
ကံကောင်းထောက်မ စွာနဲ့ ပြုတ်ကျတာကသိပ်တော့မနာလိုက်ဘူး ။ မတ်တပ်ထလိုက်ပြီးသိပ်မကြာခင် မလှမ်းမကမ်းမှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကို လှမ်းမြင်လိုက်ရတယ် ။
ကူကျန်း!!!!!သူက အစားအသောက်အပြည့်နဲ့ ပုံးတစ်ခုကို လက်ထဲကိုင်ထားရင်းနဲ့ ငါ့ကို အသံတိတ်မတ်တပ်ရပ်ကြည့်နေခဲ့တာပဲ ။
ငါ့ ပါးစပ်ဘေးနှစ်ဖက်က ကြွက်သားတွေ ကို လှုပ်ရှားဖို့ အားထုတ်ကြိုးပမ်းလိုက်ပြီး သူ့ဘက်ကိုလှည့်လိုက်ရင်းနဲ့ ပြုံးပြလိုက်ရတော့တာပေါ့ ။
ပြီးတာနဲ့ အနောက်ဘက်ကို လှည့်ပြီး တစ်ချိုးတည်းပြေးရတော့တာပဲ ။
ငါပြေးရင်းနဲ့ သုံးလှမ်းမြောက်အထိ ရောက်ဖို့ကိုတောင် စောင့်စရာမလို ပဲ ကူကျန်းရဲ့ လက်ထဲမှာ ငါက ရောက်နှင့်နေပြီ ။ လက်တစ်ဖက်က ငါ့လက်ကောက်ဝတ်တွေကို ဆုပ်ကိုငိထားရင်း နောက်လက်တစ်ဖက်ထဲမှာက လည်း အစားအသောက်တွေပါတဲ့ ပုံးကို ကိုင်ထားတုန်း ။
ငါ ပြောလိုက်တာက "ငါ့ကို လွှတ်ပေးလိုက်ပါတောါ ။ ငါ့ကို ဘာဖြစ်လို့ ဒီမှာ ဖမ်းထားအုန်းမှာလဲ ။ ဘာပဲဖြစ်ဖြစ် ငါက နင်နဲ့ ဘယ်လိုမှ ထွက်သွားမှာ မဟုတ်ဘူး !!!"
ကူကျန်းဆီက အေးစက်စက်ရယ်သံနဲ့အတူ
"ငါ မင်းကိုလွှတ်ပေးလို့ရတယ် ။ဒါပေမဲ့ မင်းငါနဲ့ အတူနေရာတစ်ခုကို အတူလိုက်ခဲ့ပေးရမယ် ။ မင်း ငါနဲ့ အဲ့နေရာကို လိုက်ခဲ့ပြီးရင်တောင်မှ မင်းရဲ့ ဆုံးဖြတ်ချက်ကို မပြင်သေးဘူးဆိုရင် ။ ငါမင်းကို လွှတ်ပေးလိုက်မယ် "
ငါကြားကြားချင်းဒါက ထူးဆန်းတယ်လို့ တွေးမိလို့ ၊ မယုံသင်္ကာနဲ့ သူ့ကို မေးခွန်းထုတ်လိုက်တယ် ။"ဘယ်နေရာလဲ ??"
"မင်း အဲ့ဒီကို ရောက်ရင် သိသွားလိမ့်မယ် "
ငါသူ့ကို အထူးအဆန်း ပုံစံနဲ့ ကြည့်နေတာကို မြင်တော့ ကူကျန်းက
"မင်းကြောက်ရင်လည်း နေပါစေတော့ ၊ ငါခုဏ ပြောလိုက်တာကို မေ့လိုက်ပါ ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး ။ မင်း မသွားချင်ဘူးဆိုလည်း မသွားနဲ့ "
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...