အပိုင်း ၁၆ (part 1)

123 25 1
                                    

东宫 Eastern Palace: Chapter 16 (part-1)

     
ငါ စောင်နဲ့ ခေါင်းမြီးခြုံ ထားလိုက်မိတယ် ။ ငါအရမ်းကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ် ။

ငါ လီချန်းရင်ကို ထွက်သွားအောင် လုပ်လိုက်မိတာက သူ ကျောက်လျန်းတိကို သဘောကျမှန်း သိနေလို့ပဲ ။

ငါက အဲ့လောက်တော့ သဘောထားမကြီးနိုင်ဘူး ။ သူ့ရဲ့ နှလုံးသားထဲမှာ ငါမရှိတာ သိ‌နေရက်နဲ့တော့ ငါ့အပေါ်မှာအခွင့်အရေးယူရ‌ အောင် သူ့ကို ခွင့်ပြုဖို့ထိ ။

အရင်ကလိုပဲ ငါ့ကို အေးအေးစက်စက် ဆက်ဆံ တာမှပို ကောင်းသေးတယ် ။

မိန်းကလေးတွေက တကယ်တော့ သနားဖို့ကောင်းတာပဲ ။ အဲ့အချိန်တုန်းက သူလုပ်ကြံတဲ့လူရဲ့ ဓားကနေ ကယ်တင်ဖို့ ငါ့ကို တွန်းထုတ်လိုက်တာ‌နဲ့ တင်  ငါက သူ့ကိုသဘောကျနေနှင့်ပြီ ။

တကယ်လို့သာ သူငါ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဆိုရင် ငါသူ့ဘေးကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး ။

အဲ့ဒီအခါကျရင် ငါက တကယ် သနားဖို့ကောင်းသွားရလိမ့်မယ် ။

သူ့ကို နေ့တိုင်းလွမ်းဆွတ်နေရင်းနဲ့ ငါ့ကို တစ်ချက်လောက် လှည့်ကြည့်ပေးဖို့ မျှော်လင့်နေရမှာ ။ အဲ့လိုနဲ့ ငါက ယုန်ညန်ပြောလေ့ရှိတဲ့ နေ့ရက်တိုင်း မျှော်လင့် ရင်း ...တောင့်တရင်း .....

ငါသေချာပေါက် အဲ့လို သနားစရာ အခြေအနေမျိုး အဖြစ်ခံမှာမဟုတ်ဘူး ။

       
 ငါတစ်ညလုံး အိပ်ရေးပျက်ခဲ့တာကြောင့် နေ့ခင်း နေဖင်ထိုးတဲ့အထိ အိပ်မိနေပြန်ရော ။ ယုန်ညန်က ငါ့ကိုနှိုးတော့မှ အမြန်အဆန် နန်းတော်ကို ဝင်ရောက်ဖို့ ပြင်ဆင်ရတော့တယ် ။

မယ်တော်ကြီးရဲ့ အဖျားက အတော်လေးကို မြန်မြန်ဆန်ဆန်သက်သာလာတာပဲ ။ သူမက ငါ့ကို တွေ့တော့ သူမရဲ့ ဆန်ပြုတ် တစ်ခွက်ကိုပါ ငါ့ကိုတိုက်နေလိုက်သေးတာ ။

       
ဆန်ပြုတ်ထဲမှာ ဘာတွေပါလဲ တော့ ငါမသိဘူး ။ အရသာက ထူးထူးဆန်းဆန်းကြီး။ ငါဆန်ပြုတ်နည်းနည်းလောက် သောက်လိုက်မိတာနဲ့ ငါ့အစာအိမ်က နေလို့ထိုင်လို့တောင် မကောင်းတော့ဘူး ။
       
ယုန်ညန်က ငါ့ မျက်နှာအရောင်အဆင်း မကောင်းတော့တာကို မြင်လိုက်တော့ ၊ လက်ဖက်ရည် တစ်ခွက် ကမ်းပေးလာတယ် ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now