东宫 Eastern Palace Chapter 18
" နင့် အသံကျယ်ကြီးကို တိုးလိုက်စမ်းပါ !"
ငါ ကမန်းကတမ်း သူ့ ပါးစပ်ကို ပိတ်လိုက်ရတယ် ။
ဒီအချိန်မှာ လီချန်းရင် ရောက်နေတာကို ယုန်ညန်က သိတာနဲ့ ငါနဲ့ သူ ထပ်ပြီးစကားများကြမှာကို စိုးရိမ်လို့ နန်းဆောင်ထဲကို ယုန်ညန်က နန်းမဆောင်ထဲကို ဝင်လာခဲ့တယ် ။ယုန်ညန်က အထဲကို ချောင်းကြည့်လိုက်တဲ့ အချိန်မှာ သူမ မြင်ရမယ့် မြင်ကွင်းက ငါက လီချန်းရင် ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကဏန်းတစ်ကောင်လို တွယ်တက်လျက်သား ။
ငါတို့ရဲ့ ဝတ်ရုံတွေက ဖရိုဖရဲ ဖြစ်နေရင်းနဲ့ ငါ့လက်က သူ့ပါးစပ်ကို အုပ်ထားပြီး ။ လီချန်းရင်က လည်း ခုဏက ငါ့ကို အိပ်ယာထဲကနေ မချီ ထားတာကြောင့် သူ့လက်နှစ်ဖက်စလုံးက လည်း ငါ့ခါးေပါ်မှာ.............
သစ်ပေါ်တက်နေတဲ့မျောက်လို ဖြစ်နေရတဲ့ ငါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ရဲ့ ပုံစံက ဟိုလိုလို ဒီလိုလို ပုံစံအနေအထား ဖြစ်နေတယ်။ နည်းနည်းေတာ့ မသင်္ကာစရာပုံဖြစ်နေတာကြောင့် .......ငါတို့ကို မြင်တာနဲ့ ယုန်ညန်ကလည်း လှစ်ကနဲ့ အမြန်ပျောက်ကွယ်သွားတော့တာပဲ ။စိတ်တိုလိုက်တာ ။ အရင်တစ်ခေါက်က အားတု ။ အခုက ယုန်ညန် ။ သူတို့တစ်တွေက ဘာလို့များ တိုက်တိုက်ဆိုင်ဆိုင် ဒီလို အခြေအနေမျိုးတွေမှာမှ အမြဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြရတာတုန်း ?
လီချန်းရင်က တော်တော်လေးကို စိတ်ပါလက်ပါနဲ့တက်တက်ကြွကြွဖြစ်နေတာပဲ ။" မြန်မြန်ထတော့ ။ ငါ မင်းအတွက် အဝတ်အစားတွေပြင်လာခဲ့ပေးတယ်။ မီးပုံ ပွဲတော်ကို သွားဖို့ ဒီနေ့လောက် ကောင်းတဲ့ အခွင့်အရေး မရှိဘူး "
ငါထင်ခဲ့တာက သူနဲ့ကျောက်လျန်းတိတို့က ပြန်အဆင်ပြေ သင့်မြတ်သွားကြပြီမို့ သူဒီအကြောင်းကို မေ့သွားလောက်ပြီလို့ ။ငါ ပြောဖူးတာကို သူမှတ်မိနေအုန်းမယ်လို့ ငါမထင်ထားခဲ့မိဘူး ။
သူ တကယ်ပဲ အဝတ်အစားအသစ်တွေ ကို အထုပ်ကြီးတစ်ထုပ် နဲ့ပြင်လာခဲ့တာပဲ ။ ငါ လီချန်းရင် သာမန်လူ တွေရဲ့ အဝတ်အစားကို ဝတ်ထားကိုမမြင်ဖူးဘူး ။ ကြည့်ရတာ ကို့ရိုးကားယားနိုင်ပေမဲ့ လည်း အဲ့လောက်တော့ ကြည့်ရဆိုးမနေခဲ့ဘူးပဲ ။ သူဝတ်နေကြ အဝတ်အစားတွေ မဟုတ်လို့ပဲဖြစ်မယ် ။
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...