ကျွန်တော်ရဲ့ အိမ်မက်က ကိုကိုparkchanyeolရဲ့ သတို့သားလောင်းဖြစ်ဖို့__________
"Baekhyun ဒီနေ့ငါ့မွေးနေ့ ကလပ်သွားမယ်"
"ကိုကိုက ကလပ်တက်တာမကြိုက်ဖူး"
"ရွမနေနဲ့ Baekhyun ကိုကို ကိုကိုနဲ့ မသိရင် မင်းရည်းစားလို့ထင်နေအုံးမယ်"
"ငါ့ထက်ကြီးလို့ ကိုကိုလိူ့ခေါ်တာလေ မသိရင်မှတ်ထားကိုကိုက ငါ့ရည်းစားဖြစ်ကိုဖြစ်မာ "
"ကိုကိုအရူးနဲ့လာတွေ့နေတယ် ဟိုကလေ မင်းကို ညီလေးတစ်ယောက်လိုပဲချစ်တာ"
"Kai မင်းထင်ရာတွေစွတ်ပြောနေမယ်ဆို ငါမင်းကိုမခေါ်တော့ဖူး"
"ငါကစတာပါ ငဘတ်ရာ ငါ့မွေးနေ့ကိုbarတစ်ခုလုံးကိုငှားပြီး ကျင်းပမယ်ကွာ clubမသွားရရင်"
"Ok အဲ့အစီအစဥ်ကောင်းတယ်"
"ဒီညတွေ့မယ် ငါသွားပြီ"
"အွန်း"
ဘေးအိမ်ထဲ၀င်သွားတဲ့ကားအနီလေးကိုကြည့်ရင်း ကျွန်တော်ပြုံးလိုက်မိတယ်
"ကိုကို အလုပ်ဆင်းလာပြီ "
အောက်ထပ်ကိုပြေးဆင်းရင်း ကိုကိုဆီသွားဖို့ ခြေလှမ်းတွေက မြန်ဆန်နေတယ်
"သားငယ် ဖြေးဖြေးဆင်းပါ လဲနေပါအုံးမယ်"
"မားကတော့ သားဆင်းနေကျပါ မလဲပါဖူးနော် "
"ဒီကလေးနဲ့တော့ "
"ကိုကို့ဆီ သွားလည်လိုက်အုံးမယ် "
"ပြသာနာ ရှာမလာနဲ့နော် "
"မားကလည်း သားသွားပြီ"
ကျွန်တော် ၁၅နှစ်သားအရွယ်မှာ ကိုကိုတို့မိသားစုဘေးအိမ်ကိုပြောင်းလာခဲ့တယ် ကိုကိုကကျွန်တော်ထက်၉နှစ်ကြီးတယ် အမြဲရင့်ကျက်နေတဲ့ ကိုကိုက ကျွန်တော့်ကိုဆုံးမရင် အလိုလိုနားထောင်ချင်စိတ်ပေါက်အောင် လုပ်နိုင်စွမ်းရှိတယ်
ဘာလိိုလိုနဲ့ကိုကို့ကိုကြိတ်ချစ်လာခဲ့တာ ၈နှစ်တောင်ရှိခဲ့ပြီ
"ကိုကို "
"ဗြောင်ပုစိ ဘာတွေ မွှေဖို့ မျက်နှာချိုသွေးနေတာလဲ"
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။