အလုပ်ရှုပ်နေတတ်တဲ့ကိုကို့ကိုသူဘယ်လိုချွဲရမလဲဆိုတာပဲစဥ်းစားနေတတ်တဲ့Baekhyunရယ်ပါ။"ကိုကို ကလေးနဲ့အတူတူ ဒိတ်ရအောင် အဲ့အလုပ်တွေပဲလုပ်နေတော့မှာလား ပိတ်ရက်ကို"
လက်မောင်းကြားထဲခေါင်းကိုအတင်းတိုး၀င်နေပြီး သူ့ကိုမော့ကြည့်နေတဲ့အချွဲစိန်လေးကိုChanyeolအူးယားစွာနဲ့ ငုံ့နမ်းလိုက်မိသည်။
ပေါင်တိုလေး၀တ်ထားပြီး Shirtပွပွလေးကဖုံးလွမ်းနေတဲ့ ပေါင်လေးကိုသူတစ်ချက်ရိုက်လိုက်ပြီး
"အူးယားအောင်ကွာ အပြင်သွားရင်တော့အတိုလုံး၀မ၀တ်ရဖူးကြားလား ကို့ကို့ ခွေးပေါက်လေး"
"ဟာလူကိုခွေးတဲ့လား ကိုကိုနော်"
မျက်စောင်းလှလှလေးနဲ့သူ့ကို မြူဆွယ်နေတဲ့Baekhyunကို သူပေါင်ပေါ်ဆွဲတင်ထားလိုက်သည်။
"ဘာလုပ်တာလဲ"
"အူးယားအောင်လုပ်လို့ အပြစ်ပေးမလို့လေ"
"ဟာတော်ပြီနော် ကိုကိုများနေပြီ အခုထိတောင်နာနေသေးတာကို"
"အယ်ဒီကလေး ဘာတွေတွေးနေတာလဲ "
"အဲ့တာမဟုတ်ဖူးလား"
စပ်ဖြီးဖြီးနဲ့ ရှက်နေတဲ့ကလေးလေးကို သူရင်ခွင်ထဲဆွဲသွင်းထားလိုက်ရင်း
"ကလေးကို ကိုကိုသိပ်ချစ်တာပဲ ခွဲခွာရခြင်းမျိုးသာရှိခဲ့ရင် ကိုကိုရူးသွားမယ်ထင်တယ်"
ဟောကြည့်ကိုကိုဟာလေ မဟုတ်တရုတ်အတွေးတွေသိပ်တွေးလွန်တာပဲ။
"ကလေးကိုကြည့် ကလေးနဲ့ကိုကိုကလေ သေရင်တောင်မခွဲဖူးသိလား တူတူသေမှမို့လေ"
"ဟော နှစ်သိမ့်ပေးတဲ့လူက သေစကားတွေထပ်နေတာပဲ နောက်မပြောရဖူးနော် ကိုကိုစိတ်ဆိုးမှာ"
"ကျွန်တော်အကြောက်ဆုံးက ဘာလဲသိလား"
သူ့အကြောက်ဆုံးကိုသိချင်နေတဲ့ကိုကိုက သေချာသူ့ကိုစိုက်ကြည့်နေပြီးနားစွင့်နေတယ်။
"ကိုကို စိတ်ဆိုးမှာကိုပဲ"
အဖြေကိုသဘောကျသွားတဲ့ကိုကိုက သူပါးလေးကိုတစ်ရှုံ့ရှုံ့နဲ့နမ်းနေလိုက်တာများ ။
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။