Part 6

198 17 0
                                    

"ကိုကို ကျွန်တော့်ကို ဘယ်လောက်ထိချစ်လဲ"

"အများကြီး ချစ်တာပေါ့"

"ဘယ်လောက်အများကြီးလဲ "

"ကမ္ဘာလောက်ကြီးချစ်တာ"

"ကမ္ဘာလောက်ပဲလား😌"

"ဟာ ဗြောင်ပုစိ"

"ကိုကိုစိတ်မရှည်နေတာလား အေးလေ ဘယ်စိတ်ရှည်ပါတော့မလဲ ရိုးသွားပီမလား ကိုကိုက ကျွန်တော့်ကိုမချစ်ဖူး 😭😭😭

"အသံပြဲကြီးနဲ့အော်မငိုနေနဲ့လေ ကလေးရယ်ကိုကိုကပဲတောင်းပန်တာမို့ မငိုပါနဲ့တော့ ကိုကိုကဘာလို့ရိုးရမာလဲ ချစ်လို့တောင်မ၀တာကို ကိုကို့အသက်ထက်ကိုပိုချစ်တာ ကလေးကို"

"တကယ်နော် "

အသံပြဲကြီးနဲ့အော်ငိုနေခဲ့တာသူမဟုတ်တဲ့အတိုင်း ချက်ချင်းကိုတိတ်သွားတယ်

"ကိုကိုက ကျွန်တော့်ကို ကလေးလို့ခေါ်တာ အရမ်းသဘောကျတာပဲ နောက်ဆိုကလေးလို့ပဲခေါ်ရမယ်"

ရင်ခွင်ထဲတိုး၀င်ရင်းချွဲနေလိုက်တာ

"ကိုကိုကတော့ ကလေးကို အူးယားလွန်းလို့ ကိုက်စားချင်နေပြီ"

"စားလေ စား ကလေးခွင့်ပြုတယ်"

"ဒီကောင်လေးကိုစားပြီနော် လက်မောင်းလေးကို တစ်ကိုက် ဂုတ်ဖြူဖြူလေးကိုတစ်ကိုက်"

"ကိိုကိုကကလေးလား ကလေးဆန်နေရအောင် ကိုကိုက 3နှစ်ကလေးလိုလုပ်နေတော့တာပဲ"

ငါ့နှယ့် ဒီကလေးနဲ့တော့ ခက်သား အတင်းကိုလူကြီးဆန်နေတော့တာပဲ

"ကိုကိုတို့ အပြင်သွားရအောင် ကလေးကြိုက်တဲ့ စတော်ဘရီရေခဲမုန့် ၀ယ်ကျွေးမယ်"

"တကယ် အခုပဲသွားစို့"

တော်ပါသေးတယ် မုန့်နဲ့မျှားလိုက်လို့ ဒီကလေးလေးကတော့သိပ်ကိုရဲတင်းလွန်းနေသည် ၂၄နှစ်ပြည့်တော့မဲ့ဒီကောင်လေးကို ကျွန်တော်ကလေးလေးလို့ပဲမြင်နေတုန်းမို့.......ကျွန်တော်သူ့ကိုမထိရက်မကိုင်ရက်နဲ့သိပ်မြတ်နိုးလွန်းနေသည်

"ရေခဲမုန့်တွေ နှုတ်ခမ်းမှာ ပေနေပြီ လာကိုကိုသုတ်ပေးမယ်"

ကိုကို့မျက်နှာ တစ်ကမ္ဘာWhere stories live. Discover now