အံ့သြစရာသတင်းကြောင့် Baekhyunတစ်ယောက် အိမ်ကို စ်ိတ်ညစ်စွာပြန်လာသည်"ကလေး ကိုကိုကကလေးကိုစောင့်နေတာ ဘယ်တွေသွားနေတာလဲ "
"......"
"ကလေး!!!!"
ပခုံးလေးတွန့်ပြီး လန့်သွားတဲ့Baekhyunရယ်ပါ
"ကိုကို "
"ဘာဖြစ်လို့လဲ ကလေး ကိုကိုရင်တွေပူလိုက်တာ"
ရင်ခွင်ထဲ၀င်ပြီး ငိုချင်နေတဲ့ကလေးလေးကြောင့်သူပြာယာခတ်စွာမေးလိုက်သည်
"မမကလေ ကလေးသူငယ်ချင်းKaiနဲ့တွဲနေတာတဲ့ မမကိုသူနဲ့သဘောမတူဖူး"
ငိုနေတဲ့ဒီကလေးကတော့လေ သူမမကိုနှာမြောတွန့်တိုနေသည်
"မငိုပါနဲ့ကလေးကလည်း တိတ်တိတ် ကိုကိုဘာလုပ်ပေးရမလဲ ကလေးအစ်မနဲ့သူ့ကိုခွဲပေးရမလား"
ငိုထားလို့နှာခေါင်းလေးတွေနီနေတဲ့ကလေးက ခေါင်းလေးမော့ပြီး လူကိုအံ့သြစွာကြည့်နေလေရဲ့ အူးယားစရာဒီကလေးလေးကို အားရပါးရငုံထားပစ်ချင်စိတ်ကတစ်ဖွားဖွား
"အဲ့လိုတော့မခွဲပါနဲ့ ကလေးကအဲ့လောက်တော့မရက်စက်ပါဖူးနော် ကိုကို့ကို ဗီလိန်လုပ်ခိုင်းစရာလား"
"ဒါဆိုကလေးလေးက ဘာဖြစ်ချင်နေတာလဲ"
"ကိုကို့ကလေးလေး"
ငိုနေတာကနေ ရယ်နေပြန်တဲ့ဒီပုစိလေးကိုဘယ်လိုလုပ်ရပါ့
"ဟော အခုလည်း ကလေးကကိုကို့ကလေးလေးပဲလေ "
"ကလေးကလေ အခု၀မ်းနည်းမိတာက မမကကလေးကိုလျို့၀ုက်ထားလို့ တိုင်တောင်မတိုင်ပင်ဖူးလေ "
"ဟုတ်ပါ့ ကလေးကိုတိုင်ပင်သင့်တာပေါ့ လာလည်မှ မောင်းထုတ်အုံးမယ် ကြည့်နေ"
"အွန်းမောင်းထုတ်ပစ် "
အခုထိရင်ခွင်လေးထဲ၀င်နေပြီးပြောနေတဲ့အဲ့ကလေးလေးကို ငုံ့နမ်းမိသည်
"ပြွတ်စ် ဒါက ကိုကို့ကိုအသဲယားအောင်လုပ်လို့ "
"နောက်တစ်ခေါက်နမ်းပါ "
နှုတ်ခမ်းလေးကိုအလိုက်သိထော်ပေးနေတဲ့ကလေးလေးရယ်ပါ မနိုင်စိန်လေး
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။