"ကိုကို ကလေးလေ ""ပြောပါဦး ဘာတွေလိုချင်နေပြန်ပြီလဲ"
"ကိုကိုကလည်း ဘာမှတောင်မပြောရသေးဖူးလေ"
"ဟုတ်ပါပြီဗျာ ပြောပါဗျာ နားထောင်နေပါတယ်"
"ကလေးလေ အလုပ်လုပ်ရင်ကောင်းမလား"
"ကလေးက ဘာအလုပ်လုပ်ချင်လို့လဲ"
"မောဒယ်လုပ်ရင်ကောင်းမလားလို့"
"မော်ဒယ် မလုပ်ပါနဲ့လားကလေးရယ် ကိုကို့ကိုသ၀န်တိုပြီးရင်မောစေချင်တာလားကလေးက"
"မဟုတ်ပါဖူး ကလေးကကိုကို့မူပိုင်လေးလေ ဘယ်သူကထိရဲမာလဲ...ကလေးအလကားနေနေတာကြာပြီလေ "
"ဒါဆိုလည်း ကိုယ်တို့ကုမဏ္ဏီရဲ့ မော်ဒယ်လုပ်ပါလား "
"ကိုကိုတို့ကုမဏ္ဏီက မော်ဒယ်မလိုဖူးဆို"
"ကလေးကိုစိတ်မချမှတော့ ကိုကိုကကလေးကိုကိုယ့်မျက်စိရှေ့အလုပ်လုပ်ခိုင်းရတော့မာပေါ့"
"လစာကတော့ များများပေးရမယ်နော်"
"လစာကတော့ CEOကိုရပါမယ်"
"ဟာ"
အူးယားလာတာကြောင့်ပွေ့ချီလိုက်ရင်းကုတင်ပေါ်ပစ်တင်လိုက်သည် မရိတ်ရသေးတဲ့မုတ်ဆိတ်မွှေးပါးရှရှလေးနဲ့ လည်ပင်းကိုသွားပွတ်တော့
"ယားတယ်ကိုကို ကလေးယားတယ်လို့ "
"ယားရင် နမ်းတယ်"
လည်ပင်းဖွေးဖြူလေးကို အမှတ်သားလေးပေးလိုက်မိတယ် ကိုယ့်အပိုင်မှန်းသိအောင်
"ကိုကို့ကြောင့်လည်ပင်းမှာအနီကွက်ကြီးဖြစ်သွားပြီ"
"ဘာဖြစ်လဲ ကိုယ့်အပိုင်ကိုမထိကြရအောင်လို့လေ"
"အဲ့လိုပေါ့လေ ကလေးလည်းပြန်လုပ်မာ"
ကိုယ်လုပ်တာကတစ်ကွက်တည်းပါ ကလေးလုပ်တာ လည်ပင်းတစ်ခုလုံး
ကိုယ့်မှာအလုပ်သွားတော့ လည်ပင်းပိတ်ဆွယ်တာ၀တ်ထားရသည်"CEO အရမ်းချမ်းနေတာလား"
"အတွင်းရေးမှုးဂင် နောက်မနေနဲ့ လုပ်ခိုင်းထားတဲ့ စာရင်းတွေပြီးပြီလား "
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။