Part 4

249 22 7
                                    

ကိုကိုကမင်းကိုပဲယူမာလို့ဆိုလိုက်သည်နှင့် တစ်ခါတည်းထော်လာမိတဲ့ကျွန်တော့်နှုတ်ခမ်းလေး ကိုကို့အနားကိုတိုးရင်းတိုးရင်း

ဘုတ်!!!

"အား နာလိုက်တာ "

"သားငယ်ဘာဖြစ်တာလဲ"

မားမားတစ်ယောက်အော်သံကြားလို့နဲ့တူတယ် အပြေးတက်လာပြီး မေးလေသည်

"သားကုတင်ပေါ်ကပြုတ်ကျတာ"

"မကြီးမငယ်သားရယ် မားဖြင့်စိတ်ပူသွားတာပဲ မြန်မြန်မျက်နှာသစ် ပြီးရင် အောက်ဆင်းခဲ့ မနက်စာစားမယ်"

"ဟုတ်မား"

ကိုကို့ကိုရက်ပိုင်းလောက်မတွေ့ဘဲရှောင်နေတာကိုစိတ်စွဲပြီးအိမ်မက်မက်နေတဲ့ကိုယ့်အဖြစ်ကို ငိုရခက်ရယ်ရခက် အိမ်မက်ထဲကအတိုင်း ကိုကိုသာ ကျွန်တော့်ကိုရွေးရင်းဆိုတဲ့စိတ်နဲ့တင် တွေးပျော်နေမိသည်

_________

"မမသားမေးစရာရှိတယ်"

"မေးလေ ဘာမေးမလို့လဲ"

"မမ ကိုကို့ကို ယူမာလား"

"ဘယ်လိုမေးခွန်းကြီးလဲ ဒီကလေးနဲ့တော့"

"နှစ်ဖက်မိဘတွေအကုန်က မမတို့ကို မင်္ဂလာဆောင်ပေးဖို့ တိုင်ပင်နေကြတာလေ မမသဘောထားကို သားကသိချင်လို့"

"အစ်ကိုက မကိုမှ သဘောမကျတော့ဘဲ"

၀မ်းနည်းစွာဆိုလာတဲ့မမစကားကြောင့် ကျွန်တော်လည်းစိတ်မကောင်းဖြစ်မိ

"မမပြန်လာတဲ့နေ့ကကျ ဖက်နေကြပြီတော့"

"အငယ်ကောင် တော်တော်စပ်စုနေတယ်နော် မဟုတ်မှလွဲရော"

မမရဲ့လေးလေးနက်နက် ဆိုလာတဲ့စကားကြောင့် စတွေးပါမျိုချနေမိတယ်

"မမကို နှာမြောနေတာမလား  မစိုးရိမ်နဲ့နော် မမက မောင်လေးနဲ့ပဲနေမာ"

ကိုကို့ကိုနှာမြောနေတာလို့စိတ်ထဲကနေမကျေမနပ်ရေရွတ်လိုက်မိတယ်

"မောင်နှမနှစ်ယောက် ဘယ်သူအတင်းတွေပြောနေကြတာလဲ"

"အစ်ကို့အကြောင်းလေ"

ကိုကို့မျက်နှာ တစ်ကမ္ဘာWhere stories live. Discover now