ကျွန်တော့်ထက်ငယ်တဲ့ယောက်ကျားလေးတိုင်းက ကျွန်တော့်ကို အစ်ကိုလို့ သုံးနှုန်းတတ်ကြပေမဲ့ အဲ့အကောင်ပေါက်လေးက စတွေ့ကတည်းက ကိုကိုလို့ခေါ်ခဲ့သည်
စတွေ့ခါစကာလသို့
"ခင်ဗျားကြည့်ရတာကျွန်တော်ထက်ကြီးမဲ့ပုံပဲ ကိုကိုလို့ခေါ်မယ် ရတယ်မလား"
အလယ်တန်းလို့ထင်ရတဲ့ကောင်လေးက တုတ်ချိုချဥ်ကိုငုံထားရင်း စကားဆိုသည်
ဂျစ်ကန်ကန်ကောင်ဆိုးလေးလို့ တစ်ယောက်တည်း သတ်မှတ်လိုက်မိတယ်
"သဘောတွေ့သလို့ ခေါ်လို့ရပါတယ်"
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြတာ အချိန်မနည်းတော့
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး ကျောင်းသွားတက်ရမာမို့"
"ကောင်းပါပြီ"
စက်ဘီးလေးနဲ့ထွက်သွားတဲ့ကောင်ဆိုးလေးကိုကြည့်ရင် ဘာရယ်မဟုတ်ပြုံးမိသည်
"ကောင်ဆိုးလေး တောင်းတောင်မတောင်းပန်သွားဖူး"
ကားထဲကနေပစ္စည်းတွေထုတ်ရင်းသယ်နေတဲ့ကျွန်တော့်ကို ၀င်တိုက်ပြီးတောင်းပန်မသွားတဲ့ကောင်ဆိုးလေး
ပစ္စည်းတွေကောက်ပြီးထည့်နေတဲ့အချိန် မိန်းခလေးတစ်ယောက်က ကူကောက်ပေးနေသည်
"တောင်းပန်ပါတယ်နော် ညီမမောင်လေးကြောင့်"
"ရပါတယ် "
မော့အကြည့် ချောမောနေတဲ့သူမမျက်နှာလေးနဲ့အပြုံးလေးက ကျွန်တော်နှလုံးခုန်သံကိုမြန်စေခဲ့တယ်
"အစ်ကိုက အိမ်ပြောင်းလာတာနဲ့တူတယ် ညီမတို့အိမ်က ဒီအနောက်အိမ်ကလေ နောက်အကူအညီလိုရင် ပြောနော် ညီမတို့ကူညီပါမယ်"
"အကူညီလိုရင် တောင်းပါမယ် ဒါနဲ့ညီမက အထက်တန်းနောက်ဆုံးနှစ်နဲ့တူတယ်"
"ဟုတ် "
"အစ်ကိုလိုက်ပို့ပေးမယ်လေ ခဏစောင့် "
"ရပါတယ် မပို့ပါနဲ့ ညီမBusပဲစီးသွားပါမယ် "
"အိမ်နီးနားချင်းတွေပဲဟာ အစ်ကိုလိုက်ပို့ပေးပါရစေနော်"
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။