"Kai ငါမွေးနေ့ကျ ကိုကို့ကို လက်ထပ်ခွင့်တောင်းချင်တယ်""မင်းဟာကမစောလွန်းဖူးလာစ ရည်းစားသက်တမ်းတောင်ဘယ်လောက်မှမရှိတာကို"
"ငါချစ်ခဲ့တဲ့အချိန်တွေကိုလည်းရေတွက်ကြည့်အုံးလေ ငါကိုကို့ကိုပိုင်ဆိုင်ချင်တယ် နေ့တိုင်းတွေ့နေရပေမဲ့ ငါလောဘတတ်နေမိတယ် "
"အော်လူတွေများနော် မရောင့်ရဲတတ်လိုက်ကြတာ ရည်းစားမဖြစ်တုန်းကလည်းတစ်မျိုးရည်းစားဖြစ်တော့လည်းတစ်မျိုး"
"တရားတွေရနေရင်လည်း ဖာသာသာလုပ်လိုက်တော့ မင်းကိုပြောနေရတာနဲ့ ငါကိစ္စတောင်မေ့တယ် "
"မင်းမိဘတွေနဲ့ဟိုဘက်မိဘတွေမင်းကိုစိတ်တိုကြမယ်ထင်တယ်နော် သူတို့ကမင်းအစ်မနဲ့သဘောတူကြတာလေ"
"အဲ့တာလည်းဟုတယ် ငါကိုကို့ကို လက်ထပ်ချင်တာပဲသိတယ် ကျန်တာမသိဖူး"
"လုပ်သဘောရှိသလိုလုပ်တော့ မနိုင်ဖူး"
Kaiနဲ့ဆွေးနွေးပြီးတော့ ကျွန်တော်အတော်လေးပျော်နေမိတယ် ကိုကိုသာလက်ခံရင်ဆိုတဲ့အတွေးလေးနဲ့
မွေးနေ့ရောက်သော်......
လာကြတဲ့ဧည့်သည်တွေက ပါးရဲ့စီးပွားရေးလုပ်ငန်းရှင်တွေ မားရဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်ရဲ့သူငယ်ချင်းတွေ
"Baekhyun မင်းအစီအစဥ်အောင်မြင်ပါ့မလား ဧည့်သည်တွေက တကယ်VIPတွေနော် ဖြစ်ပါ့မလား"
"နောက်လည်း သိသွားမဲ့တူတူ အခုထဲက သိသွားတော့ ပိုကောင်းတာပေါ့"
"ကလေး ကိုကို့လက်ဆောင်လေးလာယူပါအုံး"
"ကိုကို "
ကိုကိုက ဧည့်သည်တွေကြားထဲ ကြက်သွေးရောင်suitလေးနဲ့တောက်ပနေသည်
"ကိုကို့လက်ဆောင်ကဘယ်မှာလဲ"
"မျက်လုံးကို မှိတ်ထားမှဖြစ်မှာလား"
"ဒါပေါ့ လုံး၀အံ့သြသွားအောင်လို့လေ"
ကာထားတဲ့မျက်လုံးလေးကိုဖွင့်ပေးလိုက်ချိန်
ပြိုင်ကား အပြာလေးက ကျွန်တော်ကိုစီးကြိုနေသည်
"ကျွန်တော်လိုချင်နေတဲ့ကားလေ မားကိုပူဆာထားတာ ကိုကိုဘယ်လိုသိလဲ"
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။