ကိုကိုက အိမ်ကိုခဏခဏလာနေတတ်ပေမဲ့ ကျွန်တော်ကို့ကို့ကိုရှောင်နေမိသည်
ကိုကိုမေးတဲ့စကားတွေဆိုလည်း အပိုစကားမပြောဘဲဖြေနေမိသည် အဲ့လိုလုပ်နေမိတာ ၁ပတ်ကျော်နေပြီ ကိုကိုကလည်း ဘာတစ်ခွန်းမှ ကျွန်တော့်ကိုမမေး မုန်းချင်လိုက်တာ ကိုကိုရယ်
"Baekhyunဘာလို့ကိုကို့ကိုရှောင်နေတာလဲ "
"ကိုကို မသိတာလား ကိုကို့ကို ကျွန်တော်ဖွင့်ပြောပြီးတာတောင် ကိုကိုက မမနဲ့ချစ်နေတယ်လေ ဘာလဲ ကျွန်တော့်ကို ရူးမတတ်ခံစားနေရအောင်တသမင်လုပ်ပြနေတာလား"
"ဒါဆိုကိုကို့ကို မင်းကချစ်တယ်ပေါ့ ဟုတ်လို့လား"
"ချစ်တယ် အရမ်းချစ်တယ် ဟုတ်တော့ရော ကိုကိုက ဘာလုပ်မလို့လဲ ဒီထက်နာကျင်အောင်လုပ်မလို့လား"
"ကိုကိုလည်း မင်းကိုချစ်တယ် "
"ဗျာ?
"ဟုတယ်မောင်လေးရေ မမ အစ်ကို့ကို ကူညီပေးခဲ့တာ မင်းကိုကိုကလေ အရက်မူးလို့ချစ်တယ်ဆိုတဲ့စကားကိုလျှောက်ပြောနေတယ်ထင်နေတာ မမကလည်း ချစ်လားမချစ်လားသိရအောင် လုပ်ကြည့်ကြမလားပြောလိုက်တာ"
"မမနဲ့ကိုကိုမကောင်းဖူးဗျာ ကျွန်တော်မှာတော့ အရက်သမားဖြစ်တော့မလို့"
"ဟားဟား လာပါအုံးကိုကို့ဆီ"
မမကတော့အလိုက်တသိလေးရှောင်ထွက်သွားခဲ့သည်
"ကိုကိုကလေ ဗြောင်ပုစိမချစ်မှာစိုးရိမ်နေခဲ့တာ"
ဖက်ထားရင်းဆိုလာတဲ့စကားကြောင့်
"ဘာလို့မချစ်ရမာလဲ ကျွန်တော်ကလေ ကိုကို့ကို ကျွန်တော့်အသက်ထက်ပိုချစ်တာ....ဒါနဲ့ကိုကို အိမ်ကသဘောတူပါ့မလားဟင်"
"ဘာတွေတွေးပူနေတာလဲ ကိုကိုတို့တောင်မချစ်ရသေးတဲ့ကိတ်စကို အရင်ချစ်ကြစို့"
ကိုကိုကကျွန်တော့်နှုတ်ခမ်းလေးကိုညင်သာစွာထိတွေ့လိုက်တော့ ရင်တွေကအဆမတန်ခုန်နေခဲ့တယ် ဒါဟာကျွန်တော့်ရဲ့ပထမဆုံးအနမ်းလေးတစ်ပွင့်
ဒါဟာအိမ်မက်ဆို တစ်သက်လုံးမနိုးထချင်တော့တဲ့အိမ်မက်........
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။