ခြေဖျားလက်ဖျားတွေအေးနေတဲ့အထိကျွန်တော်ရင်ခုန်သံတွေကအဆမတန်အခုန်မြန်နေခဲ့သည်လျှောက်လမ်းကြီးမှာကျွန်တော်ဟာ လမ်းလျှောက်နေခဲ့ရသည် အောက်မှာစောင့်ကြည့်နေကြတဲ့လူအများကြီးရှေ့ ကျွန်တော်ခြေလှမ်းတွေက ကိုကိုဆီမူတည်နေသည်
ကိုကိုဟာ အနက်ရောင်suitလေးကို၀တ်ဆင်ထားပြီး ပါးချိုမ့်လေးထင်းပေါ်နေအောင်ပြုံးပြနေပြီးကျွန်တော့်အလာကိုစောင့်နေသည်
အနားရောက်လာတော့ တစ်ယောက်ကိုတစ်ယောက်သစ္စာတိုင်တည်ကြပြီး နမ်းရမဲ့အချိန်က်ိုရောက်လာတော့ ကိုကိုသည်ကျွန်တော့်အားအနူးညံ့ဆုံးအနမ်းလေးပေးပါသည်
မျက်ရည်တွေ၀ဲလာတော့ ကိုကိုဟာလည်းငိုနေခဲ့တယ်တဲ့လား
"ကိုကို ဘာလို့ငိုနေတာလဲ မငိုနဲ့နော် ကလေးလည်းငိုချင်လာပီ"
"ကိုယ်ကလေးကိုပိုင်ဆိုင်ရပြီဆိုတဲ့အသ်ိကြောင့်၀မ်းသာလို့ကျတဲ့မျက်ရည်တွေပါ မငိုနဲ့နော် ကိုလည်းမငိုတော့ဖူး"
တစ်ယောက်ကိုတစ်ယောက်ထွေးပွေ့ထားရင်း နှစ်သိမ့်ပေးနေမိတယ်
Fanတွေကလည်း ကျွန်တော်တ်ို့နှစ်ယောက်ကိုမငိုဖို့နှစ်သိမ့်ကြသည်
ဒီမင်္ဂလာပွဲကိုကျွန်တော်တစ်ဘ၀တစ်လျှောက်လုံးမှတ်မိနေတော့မယ်ထင်ပါတယ်
___________
"ကလေးထတော့လေ"
"တစ်ကိုယ်လုံးနာနေတာကို ထတော့တဲ့လား ကိုကိုသိပ်အကျင့်ပုတ်တာပဲ ညကကျ သူမဟုတ်တဲ့အတိုင်းပဲ လူကို"
"ကလေးကို ကိုကိုက အကျင့်ပုတ်တာမဟုတ်ဖူးလေ ချစ်တာလို့ခေါ်တယ်"
"သွားပါ လူဆိုးကြီး "
"ကလေးကိုကိုကိုရေချ်ိုးသန့်စင်ပေးမယ်"
မလုပ်နဲ့ရှ်ိသေး ကျွန်တော်ဟာကိုကိုရင်ခွင်ထဲရောက်နှင့်နေခဲ့ပြီ ရှက်လိုက်တာ ကျွန်တော်ရဲ့အ၀တ်မပါတဲ့ခန္ဓာကိုယ်ကို ကိုကိုကပွေ့ထားတယ်ဆိုတဲ့အသ်ိနဲ့တင်
~"ကိုကို ကလေးဗိုက်ဆာတယ်"
"အဆင်သင့်ပါပဲခင်ဗျ"
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။