ကိုကို့ကိုမေးတော့ ကိုကိုက ပခုံးကိုပင့်ပြ၍ထွက်သွားသည်ငါဖွင့်ပြောလိုက်မိလားလို့မေးတာကိုတစ်စက်ကလေးမှအံ့သြသွားပုံမထောက်ရင် ကိုကို့ကိုငါဖွင့်ပြောလိုက်မိပြီပဲ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ!!!
"သားငယ် အိမ်အောက်ကိုဆင်းလာတော့လေ ကြာနေပြီ "
"ဟုတ်မား သားဆင်းလာပြီ"
____________
"ငဘတ် မင်းကလည်း မှိုင်မှိုင်ထွေထွေနဲ့ အပြင်ထွက်ဖို့ခေါ်တာမင်းမဟုတ်တဲ့အတိုင်းပဲ"
"ငါ ကိုကို့ကို ဖွင့်ပြောလိုက်မိပြီ"
"ဘာ!! အဲ့တော့ သူဘာပြန်ပြောလဲ"
"ဘာမှမပြောဖူး ငါအငြင်းခံလိုက်ရတာ ဟုတယ်မလား ငါအငြင်းခံလ်ိုက်ရတာမလား"
ပြောလည်းပြောခေါင်းကဆံပင်တွေကိုလက်နဲ့ဆုပ်ကိုင်ထားမိတယ်
"ဆံပင်တွေလည်း ကျွတ်ကုန်မယ် မင်းကလည်း"
"ငါနာတယ်လို့ကိုမခံစားရတော့ဖူး ငါမေးနေတယ်လေ ငါအငြင်းခံလိုက်ရတာမလား"
"မင်းပြောတဲ့အခြေအနေအရတော့ မင်းအငြင်းခံရတယ်လို့ ကောက်ချက်ချလို့မရသေးဖူး ညနေအစ်ကိုပတ်ရုံးဆင်းတဲ့အချိန် မင်းကိုသူဆက်ဆံပုံကြည့်ပြီးဆုံးဖြတ်သင့်တယ်"
"အား...ဟုတ်သားပဲ တော်လိုက်တဲ့ ငါ့သူငယ်ချင်း ရည်းစားသာမရတာ တော်ချက်ပဲ"
"ဘာရည်းစားမရတာလဲ မထားချင်လို့မထားတာ ငါ့ကိုကြိုက်တဲ့သူ ဒီလောက်ပေါတာ မင်းအမြင်ပဲလေ"
"ငါတော့ မမြင်မိဖူး "
လည်ပင်းထညစ်တဲ့Kaiရယ်ပါ
"အရမ်းညစ်ရလား သေသွားဘယ်နှယ့်လုပ်မလဲ ကိုကို့ဆီက အဖြေမရဘဲနဲ့တော့ မသေနိုင်ဖူး "
"ငါတော့လေ မင်းအငြင်းခံရမယ်မြင်ယောင်တယ် "
စတယ်ဆိုတာသိပေမဲ့ နှလုံးသားကဆင့်ကနဲနာကျင်သွားသည် တကယ်လို့သာ Kaiပြောသလိုအငြင်းခံလိုက်ရရင် ရှေ့ဆက်ဘယ်လိုလုပ်ရမလဲ
"Baekhyun ငါကစတာလေ ဘာလို့အဲ့လာက်စိတ်ညစ်တဲ့မျက်နှာဖြစ်နေရတာလဲ"
YOU ARE READING
ကိုကို့မျက်နှာ တစ်ကမ္ဘာ
Romanceအရိုတစ်လိုင်းသာရေးထားသောဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်❣️။