part 12

110 12 0
                                    


CEOကသူ့ကောင်လေးကိုအချိန်ပေးဖို့ ရုံးကိုမသွားဘဲ ကစားကွင်းလိုက်ပို့လေရဲ့လေ အတွင်းရေးမှုးမှာတော့ အလုပ်တွေပိနေတာကြောင့် CEOကိုစိတ်ထဲကျိန်ဆဲနေမိသည်။

"ကလေး ကစားကွင်းတကယ်ပဲသွားချင်တာလား"

ကားမောင်းနေရင်းမေးတော့ ဘေးကနေထိုင်နေတဲ့ကလေးကချက်ချင်းဆူပုပ်သွားလေသည်။

"ဘာလဲ လိုက်မပို့ချင်တာလားကိုကိုက"

"မဟုတ်ရပါဖူး ကလေးရယ် ကလေးများမသွားချင်.."

ပြေစကားမဆုံးခင်မှာပဲBaekhyunဖြတ်ပြေလိုက်သည်။

"သွားချင်တယ် သွားချင်တာမှလေ ယားလို့ ကိုကိုက မအားမအားနဲ့ဆိုတော့လေ"

ကလေးရဲ့အဖြေကိုသဘောကျတာကြောင့်သူအော်ရယ်မိတော့ ကလေးရဲ့မျက်စောင်းလှလှလေးကသူ့ဆီရောက်လာတော့သည်။

"ဘာရယ်တာလဲ ရယ်စရာပါလားလို့"

ပြောလည်းပြောကားမောင်းနေတဲ့သူ့လက်မောင်းတစ်ဖက်ကိုလှမ်းကိုက်လိုက်တာကြောင့် သူ့မှာအော်လိုက်ရသေးသည်။

"အားးးးနာတယ်လေ ကလေးရဲ့ကားမောင်းနေတာကို အန္တာရယ်ဘယ်လောက်များလဲသိရဲ့နဲ့"

"အခုကတည်းက ကိုကိုက ကလေးကိုညိုညင်နေပြီပဲ"

"ကလေးရယ် မရစ်နဲ့ကွာ ကိုကိုကားမောင်းနေတယ်လေ"

"ရစ်တယ်!! အခုကိုကို ကလေးကိုရစ်တယ်လို့ပြောလိုက်တာလား အခုကားရပ် ကိုကိုကားနောက်လိုက်မစီးနိုင်တော့ဖူး"

တစ်ခါတလေထထဖောက်ထတတ်တဲ့ကလေးကိုသူတော်တော်စိတ်ရှည်ရပါသည် ရုံးမှာသာဆိုသူရဲ့စိတ်မရှည်မှုကြောင့် ပြုတ်သွားကြတဲ့၀န်ထမ်းတွေအများကြီး။ဒီကလေးနဲ့ကျမှ သူ့မှာဝဋ်ကောင်းကောင်းလည်နေပါတော့သည်။

"ကလေးရယ် ကိုကိုတောင်းပန်ပါတယ် ကိုကိုမှားသွားတာမို့ ကိုကို့ကိုခွင့်လွှတ်ပါ ကလေးသွားချင်တဲ့ကစားကွင်းကရောက်ခါနီးပြီလေနော်"

"ပြီးရော"

ပြန်လည်ပြုံးသွားပြီးဘေးကိုငေးကြည့်နေတဲ့ကလေးကို သူပိုပိုချစ်နေမိတော့၏။

ကိုကို့မျက်နှာ တစ်ကမ္ဘာWhere stories live. Discover now