(၃)

282 42 0
                                    

[ Zawgyi ]

"ဗျာ လက်ထပ်ပွဲ .. ။"

အတွင်းရေးမှုးကြီးလွီက ခေါင်းကိုဖြေးဖြေး
ချင်းငြိမ့်ပြတယ် ။

"ဟုတ်တယ် ။မင်းကိုဝန်ကြီးကတော်က
လက်ထပ်ပွဲအတွက် လက်ခံဖို့အချိန်ပေးထား
တယ် .. မနက်ဖြန်လောက်ကျရင်သူ့အိမ်ကို
ခေါ် တွေ့လိမ့်မယ် ။"


ဒါ ဒါကဘယ်လိုမှယုံနိုင်ဖွယ်မရှိ ..

ဝန်ကြီးကတော်ရဲ့မြေးဆိုလို့ .. တစ်ဦးတည်း
သောမြေးယောကျာ်းလေးကလွဲမည်သူမျှမရှိ
တာကို .. ယောကျာ်းတစ်ယောက်ဖြစ်တဲ့သူနဲ့
လက်ထပ်ခိုင်းသည်တဲ့လား ။

နောက် .. ဝန်ကြီးကတော်ဆိုတာတစ်ခြားသူ
မဟုတ်။ဖူဝမ်မြို့တစ်မြို့လုံးရဲ့အာဏာနဲ့
သမ္မတကြီးရဲ့ယုံကြည်မှုကိုအပြည့်ဝရထား
တဲ့အိမ်တော်ကဖွားဖွားကြီးထျန်းလီယွီ ။

မျိုးရိုးစဉ်ဆက်တော်ဝင်အမှုထမ်းတွေဖြစ်
လာခဲ့ကြတာ ။

ပါးတောင် ထိုအိမ်တော်မှာနှစ်အကြာကြီး
အလုပ်လုပ်ခဲ့ဖူးတယ် ။သူထင်တာမမှားဘူး
ဆိုရင် ဖိုးဖိုးကြီးပါ ပါလိမ့်မယ် လေ။

စဉ်းစားဖို့အချိန်တောင်မဟုတ် ..
လက်ခံဖို့အချိန်ပေးတယ်တဲ့လား ။

ယွမ်း နဲ့ သူဘယ်လိုဆက်ဖြစ်ပါ့မလဲ ..


_________________________

"ဗျာ ကျွန်တော့်ကိုနောက်နေသလား ဖွားဖွား"

"မနောက်ရပါဘူး ။လက်ထပ်ပွဲကိုလက်ခံနိုင်
အောင်သာကြိုးစားပါ .. အခုဖွားတို့အခြေနေ
လည်းမင်းသိတယ် .. ဒါဖြင့်မင်းလက်မခံရင်
အဲ့ဂေဟာကထွက်လာပြီးဒီမှာတာဝန်ယူဖို့
သာပြင်တော့ ။ပြီးတော့မသိတာလည်း
မဟုတ်ဘူး ဖွားတို့မှာရန်သူတွေကခပ်များ
များရယ် ။ အို အနီးဆုံးသူတွေချည်းပဲ
နောက်ပြီးစိတ်မပူနဲ့ ရဲအုပ်ဝမ်ကတကယ်
အရည်ချင်းရှိပြီးတော်တယ် သားတို့နှစ်
ယောက်ပေါင်းဖက်လိုက်လည်းဒီမြို့က
အရင်ထက်ပိုပြီးအေးချမ်းလာမယ် ဆိုတာ
ဖွားယုံတယ် ။"

ဟုတ်တယ် ။အရင်ထဲကအေးချမ်းနေတဲ့ဒီ
မြို့က အခုလိုအရည်ချင်းတွေရှိနေပြီးသား
ယောကျာ်းနှစ်ယောက်လက်ထပ်လိုက်လို့ပို
တောင်ကောင်းလာဦးမှာ ။ဒါကိုလျင်းစန်း
မသိဘူး ။ဒီအိမ်ကဟိုးအရင်ထဲကအမိန့်ချ
မှတ်ခံရပြီးသား..ဘယ်သူဖြစ်နေနေမျိုးဆက်
သစ်တွေကနိုင်ငံတာဝန်နဲ့ဖူဝမ်မြို့ကို
တစ်သက်လုံးစောင့်ရှောက်ရမယ်ဆိုတာ ။

အချစ်ဆုံးWhere stories live. Discover now