[ Zawgyi ]
"ရှောင်း .. ရေအရင်ချိုးချင်လား။"
"မောင်အရင်ချိုးနှင့် ။"
ခေါင်းငြိမ့်ပြကာ ရေချိုးခန်းရှိရာသို့ .... ။
ညကျဘယ်လိုလုပ်ရမလဲ ဆိုတဲ့အတွေးက
ခေါင်းထဲဝင်ဝင်လာသည် ။ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ဖို့
မဆိုင်းမတွလက်ခံခဲ့တဲ့ သည်အမျိုးသားက
သူနဲ့တစ်ခန်းထဲအိပ်လို့ရော .. သင့်တော်
ပါ့မလား ။စိတ်အနှောင့်ယှက်ဖြစ်ပြီးအိပ်မှ
ပျော်ပါ့မလားလေ ..အခန်းထဲပြန်ဝင်လာတော့ ခုတင်ပေါ် တွင်
အသင့်ရှိနေပြီးသား
စွပ်ကျယ်အဖြူလက်ဇက လေး ။လူကဘယ်ရောက်သွားသလဲ။
"အဝတ်တွေဘယ်မှာထားမှန်းသေချာမသိ
တာနဲ့ အင်္ကျီပဲထုတ်ထားပေးတယ် ။"အနောက်ကအသံ ။
လှည့်ကြည့်လိုက်တော့ ..
အနည်းငယ်နွမ်းနေပေမယ့် မျက်ဝန်းများက
ကြည်လင်ဆဲ ။သူပြုံးလိုက်ရင်း အနားသွားကာ ..
ထိုသူရဲ့ပုခုံးနှစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်
ထားလိုက်တယ် ။နောက်.. ထိုအမျိုးသားရဲ့ဂန္တဝင်မျက်ဝန်းညို
တွေနှင့်ဆုံလိုက်ပြီး"ကျွန်တော်နဲ့လက်ထပ်တဲ့အတွက်ခင်ဗျားကို
ကျေးဇူးတင်ပါတယ်။"အလှဆုံးနှုတ်ခမ်းပါးလေးမှ နှုတ်ခမ်းလေး
လှုပ်ရုံမျှ ပြုံးလေတယ်။မှဲ့နက်လေးကထိုနှုတ်ခမ်းပါးလေးရဲ့အပြုံး
တွေကိုလှသထက်လှအောင်ကူပေးလေရဲ့..။ခေါင်းငုံ့လျက်နှစ်ယောက်မျှကြားနိုင်ရုံအသံ
လေးနဲ့ပြောလာခဲ့တယ်။"နှစ်ဦးသဘောတူပါလေ။"
နှုတ်ခမ်းစွန်းတွေကွေးတက်သွားတဲ့ဗိုလ်မှုး ။
အကြည့်ကလည်းသူ့ဆီမှမခွာသေး။
ပုခုံးစွန်းပေါ်ကလက်ချောင်းရှည်တွေရွေ့
သွား
မှ ရှောင်းကျန့်အသက်ကိုပြင်းပြင်းရှုလိုက်
မိတယ် ။
YOU ARE READING
အချစ်ဆုံး