[ Zawgyi ]
ရှောင်းကျန့် အဖြူရောင်တီရှပ်အပေါ် မှ
အညိုရောင်ကုတ်လေးထပ်ဝတ်လိုက်သည်။နောက်စာအုပ်တစ်အုပ်ကိုင်လျက်အိတ်လွယ်
ပြီးထွက်လာခဲ့တော့တယ် .. ။စားသောက်ဆိုင်တစ်ခုမှာ စောင့်နေမယ့်လူက
ဘယ်လိုပုံစံဆိုတာ စိတ်ထဲကတွေးပြီးပုံဖော်
နေမိတယ် ။လူကောင်းတစ်ယောက်ဆိုတာ
သာသေချာရင် ဖွားဖွားစကားကိုမငြင်းဆန်
ဖို့ဆုံးဖြတ်ထားတယ် .. မဟုတ်လည်း
ဖွားဖွားကိုသူဘယ်လိုမှဆန့်ကျင်လို့ရမှာ
မဟုတ်ဘူး ။ဒုန်း !
"ချင်းရုံ ဘာဖြစ်တာလဲ ။"
"ဘာမှမဖြစ်ပါဘူး သခင်လေး ကားကလမ်း
ကြားထဲကထွက်လာလို့ ရပ်လိုက်မိတာ .. "အစောကအတွေးထဲမှာပုံဖော်နေတဲ့လူတောင်
ပျောက်သွားတယ်။အလန့်တကြားပါပဲ .."ချင်းရုံ ခနရပ် .. "
ကားရပ်တာနဲ့ဆင်းပြီးလမ်းရဲ့တစ်ဘက်က
စာအုပ်အဟောင်းအရောင်းဆိုင်ဆီကူးသွား
လိုက်တယ် ။လိုချင်တဲ့စာအုပ်ကခုကျတော့လည်း
ရုတ်တရက်တွေ့သွားပြန်တယ် ။အသည်း
သန်ရှာနေတုန်းကလုံးဝမရဘဲနဲ့ ..စာအုပ်ဆိုင်မှအထွက် ..
ဘုတ် !
"တောင်းပန်ပါတယ် ။မမြင်မိလိုက်လို့ဗျ .. "
သူ့လက်ထဲကလွတ်ကျသွားတဲ့စာအုပ်တွေ..
ပြန်ကောက်ပေးပြီးတောင်းပန်စကားဆိုကာ
အလောတကြီးထွက်သွားသူကိုသေချာ
တောင်မမြင်လိုက်ရ ။သို့ပေမယ့်လက်ထဲမှ
သားရေလက်ပတ်နာရီကြိုးဟောင်းလေးကို
ပဲ သတိထားမိသွားတယ် ။သားရေလက်ပတ်ကဟောင်းနေပေမယ့်
ထိုလူရဲ့လက်ကြီးကြီးနဲ့ လိုက်ဖက်ပြီးကြည့်
ကောင်းနေတယ် ။ဒါကတစ်မျိုးလေးပါပဲ .. သူ့စိတ်ထဲဝယ် ။
__________________________
ကြိုရောက်နေမှာထင်ထားပေမယ့်
သူအရင် မျက်စိရှေ့ကခုံအလွတ်လေးကိုငေး
နေရပြီလေ ..
YOU ARE READING
အချစ်ဆုံး