[ Zawgyi ]
"လက်ထပ်ပွဲအတွက်မင်းတို့ဘာမှစိတ်မပူနဲ့
ငါအားလုံးစီစဉ်ပြီးသား ။
ပြီးတော့ဒီသတင်းကြားတာနဲ့ မင်းဦးလေး
လျင်းစန်းကချက်ချင်းပြန်လာလိမ့်မယ်
အဲ့ခါကျနှစ်ယောက်လုံးပုံမှန်ပဲနေ ဟုတ်ပြီ
လား ။"ခေါင်းငြိမ့်ပြပြီးတာနဲ့ ဘေးမှာရှိနေတဲ့သူကို
ချက်ချင်းကြည့်မိတယ် ။သူ့ကိုပြန်ငေးလာတဲ့ ရှောင်းမျက်ဝန်းတွေနဲ့
ဆုံလေတယ် ..သူတို့နှစ်ယောက်လုံးတူတူပါပဲ ။ဖူဝမ်မြို့ကို
စောင့်ရှောက်ဖို့ လက်ခံခဲ့ကြတာ .. သို့ပေမယ့်
ဒါကိုမသိတဲ့သူကပထမကြိမ်သူ့ဘက်က
စပြီးငြင်းဆန်မိခဲ့တယ် ။
သူ့လိုယောကျာ်းတစ်ယောက်ကိုလက်ထပ်ဖို့
တွေဝေမနေဘဲလက်ခံခဲ့တဲ့သူကိုမှလေ ..အားနာဖို့ကောင်းပါဘိ .. ။
"ရှောင်း .. "
အို .. ဘယ်လိုတောင်ခေါ် လိုက်ပါလိမ့်။
အစကသူပဲမပတ်သတ်ချင်သလို လုပ်နေပြီး
အခုကျလည်းအရမ်းရင်းနှီးသွားသလို
ဖွားဖွားရှေ့မှာတောင် ဒီလိုခေါ် တယ် ။ဘာမှမပြောဘဲပြုံးကြည့်နေတဲ့ဖွားဖွားကြောင့်ငြိမ်နေလိုက်တာ။
မဟုတ်ရင် .. ဒီဗိုလ်မှုးမလွယ်ဘူး ။"ကဲ .. အေးဆေးစကားပြောကြ ငါမင်္ဂလာပွဲ
အတွက်ခုထဲကလုပ်စရာတွေများနေပြီ ။"ဝန်ကြီးကတော်ထွက်သွားပြီဆိုမှ အကြည့်
ချင်းလွှဲနေသူကို"ရှောင်း ကျွန်တော့်ကိုကြည့်နိုင်မလား ။"
"စကားပြောချင်လို့ပါဗျာ ။"
"ဒီတိုင်းမကြည့်ဘဲပြောပါ ဗိုလ်မှုး ရယ် "
"ကျွန်တော့်ဆီမှာ အာရုံမရှိရင်ဘယ့်နှယ်လုပ်
မလဲဗျ ။""ရှိပါတယ် ။ဗိုလ်မှုးပြောတာကိုနားထောင်နေ
ပါတယ် .. "ခေါင်းငုံ့နေသူကား သူခေါင်းငြိမ့်ပြတာကို
မြင်မှာမဟုတ် ။ဘာကြောင့်မကြည့်ချင်သလဲဆို ဖြစ်နိုင်တာ
က .. သူငြင်းခဲ့လို့စိတ်ဆိုးနေတာကြောင့်များ
လားလေ .. ။
YOU ARE READING
အချစ်ဆုံး