[ Zawgyi ]
"ဗိုလ်မှုးကမင်္ဂလာဆောင်တော့မယ်
ဒီသတင်းကဘယ်ကကြားလာတာလဲဟင် ..
မဖြစ်နိုင်ပါဘူး ။""အန်တီချူးဆီဖိတ်စာလှမ်းပို့တာတဲ့ ။"
ရွာထဲမှာကြားနေရတဲ့သတင်း .. ထိုသတင်း
က သူမရင်ကိုပူလောင်စေတယ် ။
ဗိုလ်မှုးကအဲ့လိုလုပ်မှာမဟုတ်ပါဘူး .. သူမ
ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တာပဲ။မဖြစ်နိုင်ပါဘူး .. ။
ဘယ်စကားမှနားမယောင်ဘဲ
ယွမ်း ဗိုလ်မှုးကိုပဲစောင့်နေမှာမလို့ .. မြန်မြန်
သာလက်ထပ်တောင်းရမ်းပါတော့။..
"ယွမ်း .. နင်ခုထိမယုံသေးဘူးမလုပ်နဲ့လေ ။
ခနနေတောင် အန်တီချူးကဘူတာသွားတော့
မှာလေ .. ကြားရဲ့လား ။နင့်ချစ်သူမင်္ဂလာ
ဆောင်ကို သူ့မိထွေးကသွားတော့မှာလို့ ..""ငါ .. ငါမသိတော့ဘူး ။ဘာလုပ်ရမှာလဲ ..
သူ့ကိုယုံကြည်ထားကာမှ .. ။""ဘာလုပ်ရမှာလဲ ။အခုပဲအန်တီချူးနဲ့လိုက်
သွားပြီး ဗိုလ်မှုးကိုမေးရမှာပေါ့ ။"သူမကိုလိုက်သွားစေချင်တဲ့သူငယ်ချင်း
မလေး ။လိုက်သွားပြီးဘာလုပ်ရမလဲလေ ။
ချစ်ရသူရဲ့မင်္ဂလာဆောင်ကိုရှုစားရမည်
လား .."ဘာမေးရမလဲ .. မသိတော့ပါဘူး ။ပြီး
တော့ ဗိုလ်မှုးကတစ်ခြားသူနဲ့လက်ထပ်တာ
မဟုတ်ဘူး ။ဝန်ကြီးကတော်ရဲ့တစ်ဦးတည်း
သောမြေးနဲ့တဲ့ .. ။"သူမတကယ်တတ်နိုင်တာမရှိခဲ့ဘူးလေ ။
ချစ်သူကိုစောင့်နေတယ် ။ပြန်လာခဲ့ဖို့နေနေ
သာသာ ချစ်ရသူရဲ့မင်္ဂလာသတင်းကိုပဲကြား
ခဲ့ရတယ် ။ထိုသူကိုယ်တိုင်ကပစ်ခဲ့မှတော့ .. ဘာဆက်
လုပ်ရပါ့မလဲလေ .. ။နှလုံးသားကတော့ နာကျင်တာထက်ပိုတဲ့
အက်ကွဲကြောင်းလေးတစ်ခုပေါ် လာသလို
ပါပဲ .._________________________
"ရဲအုပ်မင်းကြီးရေ .. "
"ဗျ ."
အခန်းတံခါးမခေါက်ဘဲဝင်လာသူကိုမော့
မကြည့်ဘဲထူးမိပြီး .. နောက်မှရင်းနှီးတဲ့
အသံ
ကြောင့်လှမ်းကြည့်မိတော့ ..
YOU ARE READING
အချစ်ဆုံး