[ Zawgyi ]
ကလင် ... ကလင် ....
"အမိန့်ရှိပါခင်ဗျာ"
"မောင် .. အခုအလုပ်မှာပဲလား"
"အင်း ဘာလို့လဲ..မောင်ခနနေလောက်မှပြန်
ရောက်ဖြစ်မှာ။ ရှောင်းဘာမှာစရာရှိလို့လဲ။
မောင့်ကိုပြော ... ""မှာစရာမရှိပါဘူး .. မောင်အိမ်မပြန်ခင်
ဖွားဖွားအိမ်ကိုဝင်ကြိုပေးဖို့ပြောမလို့ .. ""အာ .. ရှောင်းကအဲ့အိမ်ရောက်နေတာလား။"
"အင်း။မား နေရတာအဆင်ပြေသလားသွား
ကြည့်ပေးတာပါ""ဟုတ်ပြီ ဟုတ်ပြီ။မောင်လာကြိုမယ် .."
ဖုန်းချပြီးသည်နှင့်အလုပ်တွေကို
လက်စသတ်ရန် ပြင်ရသည် ။အရင်ကအိမ်မှာစောင့်နေမယ့်သူတစ်ယောက်
မှမရှိလို့နောက်ကျချင်နောက်ကျပြီးအိမ်ကို
ပစ်ထားတာမှန်ပေမယ့် .. ယခုမူ သူဟာ
အိမ်ထောင်သည်ဘဝရောက်နေပြီမလား ။အိမ်ကိုစောစောပြန်ချိန်ပြန်ရမည် ။မိသားစု
ရှိလျှင်မိသားစုနဲ့ညစာအတူစားရမည် ။ဟုတ်တယ်။အခုချိန်မှာ ရှောင်းကသူ့မိသားစု
ပဲ ။ဘဝလက်တွဲဖော်ကြင်ဖက်ပဲ ။
အချစ်မပါရင်တောင်တစ်ယောက်နဲ့
တစ်ယောက်စိတ်ဆင်းရဲစရာတွေမရှိရလေ
အောင် နားလည်မှုနဲ့သာနေထိုင်ရမည် ။အင်း ...... ဆန်းတော့ဆန်းပါဘိ ။
အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခု ...
တစ်ဦးနဲ့တစ်ဦးနားလည်ပေးမှုတွေနဲ့အဆင်
ပြေပြေရှိနေသည်တဲ့ ။ဒါ့ပြင်ဒါဟာ ယောကျာ်းနှစ်ယောက်ကြားမှာ
တဲ့ ။နားလည်မှုအပြင် အခြားသောလှပတဲ့
အရာတွေပါ ဝင်ရောက်လာနိုင်မလားဆိုတာ
မည်သူမျှမသိနိုင်ပါလေ ...__________________________
အသင့်ဖွင့်ထားတဲ့ခြံတံခါးထဲဝင်မည်အပြု
သူ့ကားနှင့်အတူ အတွင်းဝန်လျင်းစန်းကား
က
ပါရောက်လာခဲ့သည် ။သစ်လွင်မနေတဲ့ဂျစ်ကားငယ်ပေါ် သို့
ဒုအတွင်းဝန်လျင်းရဲ့နှိမ်ခြင်းသဘော
အကြည့်များကရောက်လာခဲ့တယ် ။
YOU ARE READING
အချစ်ဆုံး