(၈)

230 35 0
                                    

[ Zawgyi ]

"ဒုအတွင်းဝန်လျင်း"

"အခု ဦးလေးလို့ပြောင်းခေါ် ရတော့မှာပဲ။
ဂုဏ်ပြုပါတယ် ဗိုလ်မှုးတို့အတွက် ။"

ပုခုံးတစ်ဖက်ပေါ် လက်လာတင်ရင်း
နားလည်ရခက်တဲ့အပြုံးနဲ့ပြောလာတဲ့
ဖွားဖွားကြီးရဲ့တူလည်းဖြစ်ဒုအတွင်းဝန်
လည်းဖြစ်သူလျင်းစန်း ဆိုသူ ။

ပုခုံးပေါ် ရှိလက်ကိုအသာဖယ်ချရင်း

"ကျေးဇူးပါ ဦးလေးလျင်း ။"

"ဒါနဲ့ ငါ့တူတော်မောင်လေးရော .. မတွေ့မိ
ပါလား ။"

"ဖွားဖွားကြီးနဲ့ဧည့်သည်တွေကိုဧည့်ခံစကား
ပြောပေးနေတယ် ။"

"ဗိုလ်မှုးကရော .. ဘာလို့အတူတူမသွားတာ
လဲ.. အာ မေ့သွားတယ် ။ဒီအိမ်ကလူကြီးတွေ
ရဲ့စိတ်ကမျိုးရိုးမြင့်တဲ့တော်ဝင်မျိုးရိုးစစ်စစ်
တွေမှအရေးပါတယ်ဆိုတာ .. ။"

မျက်မှောင်တွေစုကျုံ့ပြီးလက်သီးဆုပ်ကို
ပိုတင်းတင်းဆုပ်ထားတဲ့ဗိုလ်မှုး ။

ဆိုလိုချင်တာကိုသဘောပေါက်သွားပုံပဲ ။

သူဘယ်လိုဒီမျိုးရိုးနဲ့လာစပ်စပ် .. တော်ဝင်
မျိုးရိုးတွေရဲ့လက်အောက်ကသာမန်လူ
ဆိုတာပြောင်းမသွားမှန်းသိပါစေ ..


"မောင်"

ခေါ် သံတိုးတိုးဟာ ..

ဂန္တဝင်ဆန်သည့်အမျိုးသားဆီမှ ။

မောင် ဟုခေါ် လေသောထိုအမျိုးသားဟာ
ဗိုလ်မှုးရဲ့ လက်မောင်းကိုချိတ်တွယ်လို့
ဆုပ်ကိုင်လိုက်တယ် ။


"ဘာတွေဖြစ်နေသလဲ မောင် ။"

"ဘာမှမဖြစ်ဘူး ။ဦးလေးလျင်းနဲ့စကားပြော
နေတာ ။"

"အာ .. မောင်ကဘာလို့ဒီရောက်နေလဲ ။
ဖွားဖွားကြီးကအရေးကြီးတဲ့ဧည့်သည်တွေနဲ့
မိတ်ဆက်ပေးမလို့ ခေါ် နေတာ ..။"

ခပ်အေးအေးလေးပြောလာတဲ့ ရှောင်းကို
ငဲ့ကြည့်မိတော့ ..

အပြုံးယဲ့ယဲ့လေးနဲ့ပါပဲ ။သာမန်ပြုံးနေကျ
အတိုင်းနှုတ်ခမ်းပါးလေးကွေးပြီးလှုပ်ရုံ ..

အချစ်ဆုံးWhere stories live. Discover now