(၁၇)

236 38 1
                                    

[ Zawgyi ]

"ဒီနေ့ ပန်းပင်လေးတွေကိုအစာကျွေးရမယ့်
နေ့ပဲ ။"

"ဘယ်ကသာအစာကျွေးတာ ရေလောင်း
တယ်ပြောပါ"

"ရေလောင်းတယ်ဆိုပေမယ့် အဲ့တာက
ပန်းပင်လေးတွေကြီးလာအောင်လုပ်တာလေ
လူကြီးတွေရော ကလေးတွေရောပိုကြီးလာ
အောင်အစားစားရတယ်မလား .. တူတူပဲကို"

ချင်းအောနဲ့အပြိုင်စကားတတ်လွန်းတဲ့
ကလေးလေးကြောင့် အားလုံးကသဘော
တကျရယ်ကြလေတယ် ။


"ကဲ .. ကဲ စကားမများနဲ့တော့ ။လုပ်စရာရှိ
တာလုပ်မယ် ဟုတ်ပလား။"

"ဟုတ်"

"ဟုတ်"

တပြိုင်နက် ထွက်လာကြတဲ့အသံလေးတွေ။
မြူးကြွတက်ကြွနေလေရဲ့ ။
စာမသင်ရလို့ ကလေးတွေရဲ့ပီတိတစ်ခု ။

"မောင် .. နောက်နေ့မှပဲမြို့ထဲလိုက်ပြပေး
တော့မယ် ။ဒီနေ့တော့ ကလေးတွေကိုကူ
ကြည့်ပေးလိုက်ဦးမယ်။"

"မောင်ကအဲ့လိုတွေဝါသနာမပါလို့ လုပ်စရာ
ရှိတာအေးဆေးလုပ် ။"

"ဟင့်အင်း မရပါဘူး။ရောက်တုန်းလေး
အတူတူ သွားသင့်တယ်မလား။"

"ဟုတ်ပါပြီ ။ရှောင်း ပြောတာလည်းမှန်ပါ
တယ် မောင်တို့အတူရောက်တုန်းသွားကြတာ
ပေါ့။"

"အင်း။မသွားဘူးထပ်ပြောရင်တော့မောင့်ကို
ဖူဝမ်ပြန်ပို့ဖို့စဉ်းစားနေပြီ။"

"ဟာ မလုပ်ပါနဲ့ဗျာ။ဒီကသူရှိလို့လိုက်လာရ
တာကို ... "

"တာဝန်အရလို့သတ်မှတ်ထားတာကြောင့်
မလား မောင်။"

တာဝန်အရမဟုတ်လျှင် မည်သည့်အရာဖြစ်
ရဦးမည်နည်း ။

ဟုတ်တယ်လေ ။

ရှောင်း ဟာ မောင့်အမျိုးသားလေး ။
မောင့်မှာဂရုစိုက်ရမယ့် တာဝန်အပြည့်ရှိ
တယ်လေ ။

"မင်းကမောင့် ... "

"မဖြေပါနဲ့တော့လေ"ဟုခပ်တိုးတိုးရွတ်ကာ
အနားမှထွက်သွားသူကား .. ဗိုလ်မှုးရဲ့

'မောင့်အမျိုးသားလေးလေ'ဟူသောစကား
အားဆုံးအောင်မကြားလိုက်ပါချေ ။


အချစ်ဆုံးWhere stories live. Discover now