Unicode
" ငါတောင်းပန်ပါတယ် Zhe Han ရာ။ ဆရာဝန်ကမင်းဆေးရုံတက်ဖို့မလိုဘူးဆိုလို့ငါကမင်းဆေးရုံဆင်းလို့ရအောင်လုပ်လိုက်တာပါ။ ငါ့ကိုစိတ်မဆိုးပါနဲ့ "
" ငါလည်း Miles Wei အစားတောင်းပန်ပါတယ်ကွာ။ မင်းကဆေးရုံဆိုအရမ်းမုန်းတဲ့ကောင်ဆိုတော့ငါလည်းမင်းမနေချင်လောက်ဘူးထင်လို့ "
" ထားပါတော့။ တစ်ခုပဲငါလက်ထိထားတာအိမ်ကမသိစေနဲ့မဟုတ်ရင်သက်သက်အာရုံနောက်နေဦးမယ် "
" အေးပါကွာ။ ဒါပေမယ့်မင်းကကွန်ဒိုမှာပဲနေမှာလား။ လက်ထိထားတာဆိုတော့တစ်ယောက်တည်းအဆင်ပြေပါ့မလား "
" ကျိန်းသေမပြေဘူးပေါ့ "
" ဒါဆိုငါတို့နှစ်ယောက်လာနေပေးရမလား "
" မလိုပါဘူး။ လာနေပေးမယ့်သူရှိတယ် "
" ဘယ်လို??? "
Zhang Zhe Han တစ်ယောက်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိသည်။ သူငယ်ချင်းနှစ်ယောက်ကတော့သူ့ကိုနားမလည်သလိုကြည့်နေတုန်းပင်။
🍊🍊🍊
" ဆေးရုံအုပ်ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "
" Gong Jun ပါလား။ ဝင်ခဲ့လေ "
" ဟုတ်ကဲ့ "
" ထိုင်ပါ "
ဆုံလည်ခုံလေးအားဆွဲယူလိုက်ကာဆေးရုံအုပ်အရှေ့တွင်ထိုင်လိုက်သည်။
" မင်းဒီတစ်ပတ်လုံးဆေးရုံလာစရာမလိုဘူး "
" ဗျာ! "
" ဒီလိုပါ... "
ပြောချင်သောဆိုလိုရင်းကို Gong Jun နားလည်အောင်ပြောပြလိုက်သည်။
🍊🍊🍊
" အဓိပ္ပာယ်မရှိလိုက်တာမောင်ရယ်။ တစ်ပတ်လုံးမောင်ကသွားပြုစုပေးရအောင်သူနာပြုလည်းမဟုတ်ဘူး။ မောင်အားနာတတ်မှန်းသိလို့ဒါဆေးရုံအုပ်သက်သက်အနိုင်ကျင့်တာပဲ။ 'မ' သွားပြောမယ် "
" နေ... နေပါဦးမရယ်။ ဆေးရုံအုပ်ကလည်းတကယ်ကိုအခက်တွေ့နေတဲ့ပုံနဲ့မောင့်ကိုအကူအညီတောင်းတာ။ သိပ်လည်းကိစ္စမရှိလောက်ဘူးထင်လို့မောင်လက်ခံလိုက်တာပါ။ ပြီးတော့လူနာကိုစောင့်ကြည့်ပေးရတာလည်းမောင်တို့ဆရာဝန်တွေရဲ့တာဝန်ပဲမဟုတ်ဘူးလား "
![](https://img.wattpad.com/cover/292153881-288-k368340.jpg)
YOU ARE READING
My Bad Boy
Fanfictionမင်းသိပ်ဆိုးတယ်ဟန်........ မင်းကိုမြင်တိုင်းခုန်နေတတ်တဲ့ကိုယ့်နှလုံးသားလေးကပိုဆိုးတယ်ဟန်........