Unicode
" အကြိုက်တွေ့ပါ့မလားမသိဘူး။ မြည်းကြည့်ကြည့်ပါဦး "
စားချင်စဖွယ်စပါကတီထည့်ထားသောပန်းကန်လေးအား Zhang Zhe Han အရှေ့သို့ချပေးရင်းသူပါမျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
ဘယ်ဘက်လက်ဖြင့်ခက်ရင်းကိုကောက်ကိုင်လိုက်ကာပန်းကန်ထဲသို့ထိုးမွှေနေသော်လည်းခေါက်ဆွဲတစ်ဖက်မှပါမလာ။ထိုအခါမှ Gong Jun အားမော့ကြည့်လာကာသူ၏ကျောက်ပတ်တီးစည်းထားသောညာဘက်လက်အားမြှောက်ပြလိုက်သည်။" အာဟုတ်သားပဲ။ ကျွန်တော်ခေါက်ဆွဲကိုမညှပ်ပေးမိလိုက်ဘူး။ ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ "
" ခွံ့ကျွေး "
" ဗျာ "
" ဟန်ဗိုက်ဆာနေပြီလို့ "
" ဪ... ဟုတ်... ဟုတ် "
Gong Jun ခုံမှထကာ Zhang Zhe Han ဘေးဘက်သို့ရွှေ့ထိုင်လိုက်သည်။ ခေါက်ဆွဲဖတ်တွေအားခက်ရင်းဖြင့်မွှေလိုက်ရင်း Zhang Zhe Han ပါးစပ်ရှေ့သို့တိုးပေးလိုက်သည်။ အောက်မှလည်းလက်တစ်ဖက်ခံထားပေးသေးသည်။ Zhang Zhe Han တစ်ချက်ပြုံးလိုက်ရင်းမိမိပါးစပ်ရှေ့မှခေါက်ဆွဲအား Gong Jun ကိုကြည့်လျက်ပင်စားလိုက်သည်။
" စားရတာအဆင်ပြေရဲ့လားဟန် "
" အင်းအရမ်းကောင်းတာပဲ။ Jun ကဟင်းလည်းချက်တတ်တယ်ပေါ့ "
" ကျွန်တော်ငယ်ငယ်လေးတည်းကတစ်ယောက်တည်းနေလာတာမို့လို့ကိုယ့်ဘာသာချက်စားရင်းနဲ့ချက်တတ်သွားတာပါ "
" ဪ။ Jun လည်းစားလေ။ ဗိုက်ဆာနေရောပေါ့ "
" ကျွန်တော်ပြီးမှစားလိုက်ပါ့မယ် "
ပြောရင်းဖြင့်နောက်တစ်ကြိမ်ထပ်ခွံ့လိုက်သည်။ ထိုသို့ခွံ့ပေးနေတဲ့တစ်လျှောက်လုံး Zhang Zhe Han ၏နှုတ်ခမ်းပါးလေးကိုသာသူကြည့်နေမိသည်။ Zhang Zhe Han ၏အကြည့်များကိုသူမခံနိုင်၍အကြည့်လွှဲထားခြင်းသာဖြစ်မှာပါ။
" Jun လက်တွေဘာလို့တုန်နေတာလဲ "
" အာ... ကျွန်တော်... "
သူ၏အဖြေကိုစားပွဲပေါ်မေးလေးထောက်ကာစောင့်ဆိုင်းနေသောအလှလေးကြောင့် Gong Jun အာစေးပင်မိသွားသည်။
YOU ARE READING
My Bad Boy
Fanficမင်းသိပ်ဆိုးတယ်ဟန်........ မင်းကိုမြင်တိုင်းခုန်နေတတ်တဲ့ကိုယ့်နှလုံးသားလေးကပိုဆိုးတယ်ဟန်........