Unicode
Zhang Zhe Han မနက်စာအတွက်ကော်ဖီဖျော်ရန်ရေနွေးတည်ထားတာကိုစောင့်ဆိုင်းနေရင်းအတွေးတို့ကမနေ့ကမြင်ကွင်းတစ်ခုဆီသာရောက်နေသည်။ သူရှိမှန်းသိနေပါလျက် Gong Jun အားတမင်နမ်းရှုံ့ပြနေတာအရမ်းရွံဖို့ကောင်းသည်။
လူ့ကျင့်ဝတ်ကြောင့်အချိန်အတိုင်းအတာတစ်ခုထိလွှတ်ပေးထားကိုသူ့ကိုယ်လာစိန်ခေါ်နေသည်။ လေတိုးဝှေ့စရာနေရာမရှိအောင်ဆက်စပ်နေကြသောနှုတ်ခမ်းနှစ်စုံကိုမြင်ယောင်လာမိတိုင်းစိတ်တိုမှုကတစ်ဖန်ပြန်ရောက်လာသည်။
တီ... တီ... တီ
ဧည့်ခန်းထဲ၌ဖုန်းထားခဲ့မိတာကြောင့်ယူဖို့အသွားလမ်းတစ်ဝက်မှာတင်သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။ အကြောင်းမှာနှလုံးကရုတ်တရက်ကြီးအောင့်တက်လာတာကြောင့်ပင်။
Zhang Zhe Han ရင်ဘတ်ကိုဖိကိုင်ထားလျက်အသက်ကိုပြင်းပြင်းရှူနေမိသည်။ နှလုံးမအောင့်တော့တာတော်တော်ကြာပြီဖြစ်သည်။ ဒီရက်ပိုင်းထဲစိတ်အလိုမကျစရာတွေများနေလို့ဖြစ်မည်။ သက်သာသွားတော့မှပဲဖုန်းဆီလျှောက်သွားလိုက်သည်။
" Hello XuKai ဘာကိစ္စရှိလို့လဲ "
" ဘယ်လိုပေါင်ပေ့ကုမ္ပဏီနှစ်ပတ်လည်ကိုတကယ်ကြီးမေ့နေပါတယ်လို့တော့မပြောနဲ့နော် "
" အာ... ဟုတ်သားပဲ။ ငါမေ့သွားတာ "
" အဲ့နေ့ကိုအရမ်းအလေးအနက်ထားတဲ့မင်းကဘယ်လိုလို့မေ့သွားရတာလဲ။ စိတ်ဖိစီးစရာတွေရှိနေလို့လား။ ဘာလဲ။ မင်းဒေါက်တာလေးကမင်းကိုပျော်အောင်မထားဘူးလား "
" မင်းကစကားများလိုက်တာကွာ "
" ဟား... ဟား... ဟား... "
" ငါ့ကိုလေယာဉ်လက်မှတ်ဖြတ်ထားပေးဦး "
" အေးပါ။ ဒါဆိုမနက်ဖြန်တွေ့မယ်နော်အချစ်လေး "
" အင်း "
ဖုန်းကိုဆိုဖာပေါ်ပစ်တင်လိုက်ကာမနက်စာပြင်ဆင်ရန်မီးဖိုချောင်ထဲပြန်သွားလိုက်သည်။ အခန်းဘက်ကိုလည်းစောင့်မျှော်ကြည့်လိုက်ပါသေးသည်။ အနှီဒေါက်တာလေးအိပ်ရာမထသေးသည်များလား။ အချိန်သိပ်မကြာလိုက်ပါ။ အခန်းထဲမှပြင်ပြင်ဆင်ဆင်နှင့်ထွက်လာသော Gong Jun ကအပြင်သွားစရာရှိသယောင်။
![](https://img.wattpad.com/cover/292153881-288-k368340.jpg)
YOU ARE READING
My Bad Boy
أدب الهواةမင်းသိပ်ဆိုးတယ်ဟန်........ မင်းကိုမြင်တိုင်းခုန်နေတတ်တဲ့ကိုယ့်နှလုံးသားလေးကပိုဆိုးတယ်ဟန်........