Chapter ( 7 )

288 39 4
                                    

Unicode

" အဆင်သင့်ဖြစ်ရင်သွားကြစို့ဟန် "

ဤယနေ့သည်ဟန်ကျောက်ပတ်တီးဖြည်ရမည့်နေ့ဖြစ်သလိုကျွန်တော်ဒီအိမ်လေးမှာနေခဲ့တာ (၇) ရက်ပြည့်သောနေ့လေးလည်းဖြစ်သည်။

" .......... "

" ဟန် "

မျက်နှာစူပုတ်ပုတ်လေးနှင့်ဆိုဖာပေါ်တင်ပျဉ်ခွေထိုင်နေသောကောင်လေးအနားသွားကာသူပါဆိုဖာပေါ်တင်လွှဲထိုင်လိုက်သည်။

" ဘာဖြစ်လို့လဲဟန်။ ဘယ်နားနေလို့မကောင်းလို့လဲ "

" Jun မနက်တည်းကအရမ်းတက်ကြွနေတာဆေးရုံသွားရမှာအဲ့လောက်တောင်ပျော်တာလား "

" အင်းပျော်တယ် "

သူပြောလိုက်ကာမှမျက်မှောင်ပိုကြုံ့သွားသည်မှာစိမ်းဖန့်ဖန့်မျက်ခုံးတန်းလေးနှစ်ခုထိစပ်သွားတော့မည်အထိ။ သူဘာမှားပြောမိပြန်ပြီလဲမသိ။

" ဒါဆို Jun ကဟန်နဲ့နေခဲ့တဲ့တစ်လျှောက်လုံးမပျော်ဘူးပေါ့။ ဆေးရုံကိုပဲပြန်ချင်နေခဲ့တာပေါ့ဟုတ်လား "

" မဟုတ်ဘူးဟန်။ ကျွန်တော်အဲ့လိုအဓိပ္ပာယ်နဲ့ပြောလိုက်တာမဟုတ်ပါဘူး။ ကျွန်တော်ဟန်နဲ့နေရတာအရမ်းပျော်ပါတယ် "

ဟုတ်ပါသည်။ သူ့ဘဝမှာ ' မ ' နဲ့ Dai Kun ကသာအရင်းနှီးဆုံးသူတွေဖြစ်ခဲ့ကြသည်။ သို့သော်ဟန်ကလည်းတဖြည်းဖြည်းနှင့်သူ့အတွက်အရေးပါသောသူဖြစ်လာခဲ့ပါသည်။ အစကတော့အနည်းငယ်နေရခက်ခဲ့သော်ငြားအချိန်ကြာလာသည်နှင့်နေသားကျလာပြီးဟန့်အနားရှိရုံနှင့်သူပျော်တတ်လာပါသည်။

" ဆေးရုံသွားရမှာပျော်တယ်ဆိုတာကဟန့်လက်ကျောက်ပတ်တီးဖြည်ရတော့မှာမို့လို့ပါ "

" ဒါဆို Jun ကဟန်နဲ့နေရတာပျော်တယ်ပေါ့ "

" အင်း "

" ဒီအိမ်က Jun ရဲ့အိမ်ပါပဲ။ Jun အတွက်ဆိုအမြဲတံခါးဖွင့်ထားတယ် "

" ကျေးဇူးတင်ပါတယ်ဟန်။ ဒါဆိုကျွန်တော်တို့သွားရအောင်လေ "

" အင်း "

🍊🍊🍊

" မောင် "

My Bad BoyWhere stories live. Discover now