Chapter ( 10 )

244 35 2
                                    

Unicode

ရုံးပိတ်ရက်အပြင်ထွက်လာခဲ့သည်မို့သွားရေးလာရေးကြပ်တည်းလို့နေသည်။ ယခုလည်း Zhang Zhe Han တစ်ယောက်ကားပါကင်ထိုးရန်နေရာလိုက်ရှာနေရသည်။ သူ့ရဲ့နှလုံးသားလေးကတော့ဘေးမှာအပူအပင်မရှိအိပ်ပျော်နေလေရဲ့။ မနေ့ညကဘယ်အချိန်အထိအလုပ်တွေလုပ်နေလဲမသိ။ သူပင်ပန်းမှာစိုးလို့ညဘက်အလုပ်မဆင်းခိုင်းဖို့ဆေးရုံအုပ်ကိုမှာထားတာတောင်သူကအိမ်မှာလည်းညအထိအလုပ်လုပ်နေတုန်း။

" Jun... Jun... "

" ဟင်... ရောက်ပြီလားဟန် "

" အင်းရောက်ပြီ "

Gong Jun မျက်လုံးနှစ်ဖက်ကိုအသာပွတ်လိုက်ကာဘေးဘီကိုကြည့်ပြီး Zhang Zhe Han ဘက်ပြန်လှည့်လာသည်။

" လမ်းတစ်ဝက်ရောက်ရင်မောင်းပေးမယ်ဆိုပြီးအိပ်ပျော်သွားတယ်။ တောင်းပန်ပါတယ်ဟန် "

သူပြောသမျှကိုမျက်တောင်မခတ်စိုက်ကြည့်ကာနားထောင်ပေးနေသူကရုတ်ခြည်းရှေ့တိုးကပ်လာကာသူ့ပါးပြင်နှစ်ဖက်အားလက်နုနုလေးတွေနှင့်အုပ်ကိုင်လာသည်။ ထိုမျှမကနှုတ်ခမ်းနှစ်လွှာအရှေ့သို့ဆူထွက်လာသည်အထိဖိညှစ်ထားသည်။

" အမှားမလုပ်ထားပဲမတောင်းပန်နဲ့ Jun ။ နောက်ပြီးလူတကာအပေါ်လည်းအားမနာနဲ့။ အထူးသဖြင့်ဟန့်အပေါ်ပေါ့။ Jun ကဟန့်ရဲ့မိသားစုဝင်ဆိုလည်းဟုတ်တယ်။ ကြားလား "

ပါးစပ်ကပြန်ဖြေလို့မရ၍ Gong Jun ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ ထိုအခါမှမျက်စိရှေ့ကအကောင်ပေါက်လေးကမျက်လုံးတွေမှေးစင်းသွားသည်အထိပြုံးပြလာသည်။ ထိုကောင်လေးကအမြဲအရယ်အပြုံးမရှိနေနေတတ်တာများသည်။

" သွားရအောင် Jun "

Zhang Zhe Han ကားတံခါးဖွင့်လိုက်ပြီးခြေတစ်ဖက်ချလိုက်သည်အထိ Gong Jun မှာမလှုပ်မယှက်ဖြစ်နေဆဲ။

" Jun "

" ဟန်အဲ့လိုပြုံးလိုက်ရင်အရမ်းလှတယ်။ ကျွန်တော်သဘောကျတယ် "

ရုတ်တရက်ပြောလာသောဤစကားက Zhang Zhe Han ၏ရင်ခုန်သံတွေကိုအပြင်အထိပါပေါက်ကြားလာစေသည်။ ဒီဒေါက်တာလေးအားသူချစ်သလိုချစ်ပေးနိုင်မည့်သူဤကမ္ဘာမှာရှိနိုင်တော့မည်မထင်။ အခုအချိန်မှာဒေါက်တာရဲ့နှလုံးသားထဲဘယ်သူပဲရှိနေပါစေတစ်ချိန်ကျဒေါက်တာ၏အရာအားလုံးကို Zhang Zhe Han ဆိုသည့်သူတစ်ဦးတည်းသာပိုင်ဆိုင်စေရပါမည်။

My Bad BoyWhere stories live. Discover now