Chapter ( 5 )

265 41 8
                                    

Unicode

' ဂလောက် '

ကုတင်စွန်းမှာထိုင်နေသောကောင်လေးကတံခါးဖွင့်သံကြားသည်ကိုပင်မော့မကြည့်လာခဲ့။ ဒေါသကြောင့်မျက်နှာလေးနီနေသောကောင်လေးနားသို့ဝင်ထိုင်လိုက်တော့အသာလေးစောင်းငဲ့ကြည့်လာသည်။

" ကျွန်တော်တောင်းပန်ပါတယ်။ ဟန့်ဆီကခွင့်ပြုချက်မရပဲတံခါးဖွင့်ပေးလိုက်မိတာ "

" Jun အမှားမဟုတ်လို့မတောင်းပန်ပါနဲ့ "

ထိုစကားများအပြင်ပို၍ထွက်မလာကြပဲတိတ်ဆိတ်ခြင်းကတဖန်စိုးမိုးသွားပြန်သည်။

" Jun "

" ဗျာ "

" Jun အမြင်မှာရောဟန်ကဆိုးတဲ့သူတစ်ယောက်လားဟင် "

" ဆိုးတဲ့သူပဲဖြစ်ဖြစ်၊ကောင်းတဲ့သူပဲဖြစ်ဖြစ်အားလုံးကအကြောင်းပြချက်ကိုယ်စီရှိကြတာပဲမလား။ ကျွန်တော်ဟန်နဲ့သိတာသိပ်မကြာသေးဘူးဆိုပေမယ့်ဟန့်စိတ်ရင်းကိုကျွန်တော်မြင်ရပါတယ်။ ဟန်ကဆိုးတဲ့သူဖြစ်နေစေဦးတော့ခိုင်လုံတဲ့အကြောင်းပြချက်ရှိမယ်လို့ကျွန်တော်ယုံတယ် "

" ဒေါက်တာကရုပ်တင်ချောတာမဟုတ်ဘူးစကားပြောလည်းကောင်းတာပဲ "

" မဟုတ်ပါဘူးဗျာ။ ကျွန်တော်စိတ်ရင်းနဲ့ပြောတာပါ "

သူ့အားပြုံးပြပြီးအရှေ့ပြန်လှည့်သွားသောကောင်လေးကယခုပြောလာမည့်စကားတွေအတွက်သူ၏ဝမ်းနည်းနေသောမျက်လုံးများကိုမမြင်စေလို၍ဖြစ်သည်။

" ဟန်ငယ်ငယ်လေးတည်းကအဖေကစီးပွားရေးလုပ်ငန်းတွေမှာပဲအချိန်ပေးထားခဲ့လို့အမေနဲ့နေခဲ့ရတဲ့အချိန်တွေကပိုများတယ်။ အဖေ့ကိုလွမ်းလို့ငိုတိုင်းအမေကပဲဟန်ပျော်အောင်နှစ်သိမ့်ပေးခဲ့တယ်။ အမေ့အပြုံးတွေကအရမ်းလှတယ်။ သိမ်သိမ်မွေ့မွေ့နဲ့အမြဲသည်းခံတတ်တဲ့သူမို့လို့အဖေ့ကြောင့်နာကျင်နေရရင်တောင်ဝမ်းနည်းနေတဲ့မျက်ဝန်းတွေကိုအပြုံးလှလှလေးတွေနဲ့ဖုံးထားတတ်တယ်။ ဘယ်လိုအခြေအနေပဲရောက်နေနေဟန့်အတွက်နွေးထွေးမှုတွေပဲပေးခဲ့တယ်။ ဒါပေမယ့်ဟန် (၁၅) နှစ်အရွယ်မှာအမေကဟန့်ကိုတစ်ယောက်တည်းထားခဲ့တယ်။ အမေဆုံးပြီးတစ်ပတ်တောင်မပြည့်သေးဘူးအဖေကအဲ့မိန်းမကိုအိမ်ပေါ်ခေါ်တင်လာတယ်။ အလုပ်တွေနဲ့အမြဲရှုပ်နေတတ်တဲ့အဖေကအဲ့မိန်းမအတွက်ဆိုအမြဲတမ်းအချိန်ပြည့်ပေးတတ်သေးတယ်။ အရမ်းရယ်ရတယ်။ တကယ်တော့အဖေကဟန်တို့သားအမိအပေါ်မှာဘယ်တုန်းကမှမချစ်ခဲ့ဖူးဘူး "

My Bad BoyWhere stories live. Discover now