Chapter ( 6 )

271 45 17
                                    

Unicode

" Steak သုံးပွဲရပါပြီ "

" ကျေးဇူးတင်ပါတယ် "

" မောင်နေရတာအဆင်ရောပြေရဲ့လား "

" ပြေပါတယ်။ မရောအိပ်ချိန်မှန်ရဲ့လား "

" မည်းနက်နေတဲ့မျက်ကွင်းကိုသာကြည့်တော့မောင်ရေ။ operation case တွေအများကြီးဝင်လာတာအိပ်ချိန်ကိုမနည်းလုနေရတယ် "

" Dai Kun နဲ့ဂျူတီချိန်လဲပြီးပဲဖြစ်ဖြစ်အိပ်ချိန်ကိုတော့ရအောင်ယူပေါ့မရယ် "

" အင်းပါ။ မကိုစိတ်မပူပါနဲ့။ ဒီနေ့လည်းနေ့တစ်ဝက်လောက်အထိအိပ်ခဲ့တာ "

Steak ကိုလှီးဖြတ်ကာပြောနေကြသောထိုစကားဝိုင်းအားလျစ်လျူရှုထားသူကအရှေ့မှ steak ပန်းကန်ကိုသာစိုက်ကြည့်နေမိသည်။ ပန်းကန်တစ်ဖက်တစ်ချပ်စီကခက်ရင်းနှင့်ဓားကသူ့အားလှောင်ပြောင်နေသယောင်။

Zhang Zhe Han မျက်ခုံးအစုံကိုတွန့်ချိုးလိုက်ပြီးဓားကိုလှမ်းယူရန်တွေးနေစဉ်မိမိအရှေ့မှ steak အတုံးလိုက်ရှိနေသောပန်းကန်အစားအချိုးအစားမှန်မှန်လှီးဖြတ်ထားသော steak ပန်းကန်လေးရောက်ရှိလာသည်။ ထို့နောက်ပန်းကန်ချပေးပြီးပြန်ရုတ်သွားသောလက်ပိုင်ရှင်အားလှမ်းကြည့်မိတော့နွေးနွေးထွေးထွေးအပြုံးလေးတစ်ခုကကြိုဆိုနေသည်။ အူကြောင်ကြောင်နှင့်အနှီဒေါက်တာလေးကတစ်ခါတစ်လေလည်းသူမထင်ရင်မထင်သလိုရင်ခုန်အောင်လုပ်တတ်ပါသေးသည်။

ပြောင်းလဲသွားသောပန်းကန်နှစ်ခုကိုတစ်လှည့်စီကြည့်နေသောကောင်မလေးအရှေ့ Zhang Zhe Han steak တစ်တုံးကိုခက်ရင်းနှင့်ထိုးကာပါးစပ်ထဲအားရပါးရထည့်သွင်းလိုက်သည်။

" အင်း..... နူးညံ့နေတာပဲကောင်းလိုက်တာ။ Jun စားကြည့်။ အာ.... "

မှာထားသောအမယ်ချင်းအတူတူကိုပင် Zhang Zhe Han အကဲပိုစွာသူ့ပန်းကန်ထဲမှအသားတစ်ဖတ်ကို Gong Jun ပါးစပ်နားတေ့ပေးလိုက်သည်။ သူ၏ရည်ရွယ်ချက်ကိုမသိသောလူရိုးလေးကတော့ခွံ့ပေးလာသောအသားအားအေးဆေးစွာပင်စားလာသည်။

" ကောင်းတယ်မလား "

" အင်း။ ဒီဆိုင်ကတကယ်ကောင်းတာပဲ။ ဟန်လာစားနေကြလား "

My Bad BoyWhere stories live. Discover now