Chapter ( 12 )

372 34 5
                                    

Unicode

ခေါင်းထဲကရီဝေဝေဖြင့်နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေရှာသည်။ မျက်စိတစ်မှိတ်အတွင်းဖြစ်ပျက်သွားသောအခြေအနေတွေကိုသူကိုယ်တိုင်လည်းနားမလည်လိုက်။ ထိုးကိုက်နေသောမျက်ရိုးတို့ကိုလက်ညှိုး၊လက်မနှင့်ပွတ်ချေလိုက်ပြီးလေးလံ‌နေသောမျက်ခွံတို့ကိုတဖြည်းဖြည်းဖွင့်လိုက်သည်။ မိမိအရှေ့ကမြင်ကွင်းတစ်ခုလုံးဝိုးတဝါးဖြင့်လူတစ်ယောက်ကသူ့အားစိုက်ကြည့်နေသလို။ လက်နှစ်ဖက်ထောက်ကာအားကုန်သုံးပြီးထထိုင်လိုက်သည်။

" နိုးလာပြီလား Jun "

ရင်းနှီးသောအသံလေးကြောင့်ယခုလက်ရှိအချိန်ကိုသေချာမှတ်မိသွားလေပြီ။ ကုတင်ပေါ်မှကမန်းကတန်းဆင်းလိုက်ပြီးသူ့အရှေ့၌ရှိနေသောသူဆီထသွားလိုက်သည်။

" ဟန်... ဟန်ဘယ်တုန်းကပြန်ရောက်နေတာလဲ။ အိမ်ထဲကိုသူစိမ်းတွေဝင်လာပြီးကျွန်တော့်ကိုဖမ်းဖို့လုပ်ကြတယ် "

" စိတ်အေးအေးထားပါဦး Jun "

" အဲ့လူတွေရောဟန်။ ပြီးတော့စေ့စပ်ပွဲ... ဒီနေ့ကျွန်တော်စေ့စပ်ပွဲရှိတယ်။ ဖုန်း... ဖုန်းရော.. "

အိပ်ရာခင်းတစ်ခုလုံးလှန်လျောရှာနေမိရင်းနဲ့သူတို့အိမ်မဟုတ်မှန်းသတိထားမိလိုက်သည်။

" ဒါဘယ်နေရာလဲဟန်။ ကျွန်တော်အခုစေ့စပ်ပွဲသွားရမယ် "

တံခါးဝဆီဦးတည်နေသောသူအားပခုံးနှစ်ဖက်မှသေချာဆုပ်ကိုင်လိုက်ကာမျက်ဝန်းနှစ်စုံကိုစုဆုံစေသည်။

" Jun အခုသွားလည်းဘာမှမထူးတော့ဘူး။ ညနေတောင်စောင်းနေပြီ။ Jun စေ့စပ်ပွဲအချိန်ကျော်သွားပြီ "

" ဗျာ!! ဘယ်လိုဖြစ်ရတာလဲ။ ကျွန်တော်ရှင်းပြလိုက်ရင်မ နားလည်မှာပါ။ ကျွန်တော့်ကိုလူဆိုးတွေဖမ်းသွား... "

" Jun... Jun ကိုဖမ်းခေါ်လာဖို့အဲ့လူတွေကိုဟန်ခိုင်းလိုက်တာ "

" ဗျာ? ဟန်ဘာပြောလိုက်တာလဲ "

နားရှိလို့သာကြားရသည်ယုံတောင်မယုံချင်... မဟုတ်ဘူး...မယုံနိုင်ဘူးဆိုလျှင်ပိုမှန်လိမ့်မည်။ ဟန်ကဘာလို့ဒီလိုမျိုးလုပ်ရမှာလဲ။ Gong Jun , Zhang Zhe Han အားသေချာကြည့်နေမိသည်။

My Bad BoyWhere stories live. Discover now