ဟိုလူကြီး
HunHan
ကလေးနဲ့မတွေ့ရဘဲ အိမ်ထဲတင်နှစ်ပတ်ရှိပီ.. နေကောင်းပီးတစ်ပတ်ကြာပါသော်လဲ omma sooက မနက်ဆိုအစောကြီးမထခိုင်းသလို ညဘက်ဆိုလဲအအေးမိမှာစိုးလို့ဆိုပြီး အပြင်မထွက်ခိုင်း အစောကြီးအိပ်ခိုင်းသည်။
ကလေးနဲ့မတွေ့ရတဲ့ရက်တွေများလာတော့ လွမ်းလာတယ်။ဓာတ်ပုံနဲ့ဖြေသိမ့်နေတာကိုမလုံလောက်တော့.. လူကိုပါမြင်ချင်လာသည်မို့ အိမ်ကနေommaအလစ်ထွက်ခဲ့သည်။စောတော့စောသေးသည်။၈နာရီသာရှိသေးသည်။
ကလေးအိမ်နဲ့ခပ်လှမ်းလှမ်းမှာကားရပ်ပြီး ကလေးတို့ခြံရှေ့ဓာတ်မီးတိုင်ရှေ့မှာ မီးတိုင်ကိုမှီပီးကလေးအခန်းကိုကြည့်နေမိသည်။
ဒီအချိန်ဆို ကလေးမအိပ်သေးဘူးလေ..
စာကျက်ရင်ကျက် ဒါမှမဟုတ် TVထိုင်ကြည့်နေမဲ့ကလေးကိုမှန်းပြီး တွေးနေလိုက်သည်။
သူ့ရပ်ကြည့်နေပြီး နာရီ၀က်အကြာမှာ ကလေးအခန်းက၀ရံတာတံခါးပွင့်လာပြီး ည၀တ်အင်္ကျီ ၀မ်းဆက်လေးနဲ့ကလေးကထွက်လာသည်။
တိုင်ကိုမှီနေရာက မက်မက်ရပ်ပြီး ကလေးကိုငေးနေမိတော့ ကလေးအခန်းမီးကလင်းနေသည်မို့ ကလေးမျက်နှာကိုအရှင်းသားမြင်ရသည်။
ကလေးကသူ့ကိုမြင်သွားတော့ ချက်ချင်းဘဲအထဲပြေး၀င်သွားသည်။မကြာဘူး သူ့ဖုန်းလေးထမြည်လာသည်။သူအခု ကလေးဆီလာတာလဲ Xunအနေနဲ့လာခဲ့တာဖြစ်၍ ချက်ချင်းကိုင်လိုက်သည်။
၀ရံတာကကလေးကိုလှမ်းကြည့်ပီးဖုန်းဖြေတော့ သူ့ကိုကြည့်နေတဲ့ကလေး..
"ကလေး"
"အကိုလား?တကယ်ဘဲ အကိုလား?"
"ဟုတ်ပါတယ် အကိုပါကလေး"
ဟင်!! ချက်ချင်းဖုန်းချပြီး အိမ်ထဲပြေး၀င်သွားတဲ့ကလေး..
ကလေး သူ့ကိုစိတ်ဆိုးသွားတာလား?
Xunအနေနဲ့ ကလေးအိမ်ရှေ့လာတော့ ကလေးမကြိုက်လို့များလား?phထပ်ခေါ်ပါသော်လဲ ကိုင်သူမဲ့နေတဲ့ဖုန်းလေး.. ဘာလို့များလဲကလေးရယ်..
အကို့ကိုလွမ်းနေတာ အကိုနဲ့မတွေ့ရတာနှစ်ပတ်ရှိပြီ.. အကိုဘာလို့ ကလေးဆီလာမတွေ့တော့တာလဲ မနက်ဆိုလဲ လေ့ကျင့်ခန်းလုပ်တဲ့ကွင်းမှာရှိမလားလို့ရှာပေမဲ့မရှိ.. အကို ကလေးကိုမချစ်တော့လို့လားလို့တွေးမိတိုင်း ကလေးငိုချင်လာတယ်..
