💕ဟိုလူကြီး💕
🍑HunHan🍑
"တာတာ မမကြီး"
"တာတာ ကလေး.. အပြင်မုန့်တွေလျှောက်မစားရဘူးနော်"
"ဟုတ်ကဲ့ .. ဒါဆို ကလေးသွားပီနော်"
"အေး ကလေး.. ဂရုစိုက်နော်"
"ဟုတ်"
ကျောင်းထဲကို လုံးလုံးလေးပြေးသွားတဲ့မောင်ဖြစ်သူကိုကြည့်ပီးမှ Xiuminအလုပ်ဆက်သွားတော့သည်။
"ဟိုမှာ Hanလေးလာပီ"
ဘေးကYeriစကားကြောင့် နောက်လှည့်ကြည့်မိတော့ ကျောပိုးအိတ်ကိုင်းလေးကိုလက်နဲ့ကိုင်ပီးလျှောက်လာတဲ့Hanလေး.. မနက်ခင်းအတွက်အားအင်တွေပြည့်သွားသလိုခံစားလိုက်ရသည်။ခရီးသုံးရက်ထွက်ရ၍ ကျောင်းမလာဖြစ်.. သုံးရက်တောင် Hanလေးမျက်နှာကိုမမြင်ခဲ့ရ.. အခုမှအလွမ်းပြေသွားသည်။
"အမယ် မျက်နှာကိုဲမှိုရတဲ့အခွက်နဲ့"
ဘေးကနေ Yeriက သူ့အားဖဲ့ဖို့ချောင်းနေလေပီ..
"Yong"
သူ့ကိုမြင်တော့ အဝေးကနေလှမ်းခေါ်ပီး သူ့ဆီပြေးလာတဲ့Hanလေး..
"Yong ပြန်လာပီလား?"
"အင်း. မနေ့ညကပြန်ရောက်တာ"
"အော်... ဒါနဲ့များ ဒီနေ့ပါဆက်နားလိုက်ပါလား?ခရီးပန်းလာတာကို စာတွေအတွက်က Hanလေးနဲ့Yeriရှိတာဘဲကို"
Taeyongမှာ သူ့အတွက်ပူပန်နေတဲ့Hanလေးကိုကြည့်ပီး
"ကိုယ်ဘယ်လောက်ပင်ပန်းပန်း Hanလေးမျက်နှာမြင်လိုက်ရရင် အကုန်ပျောက်ကုန်တယ်" လို့သာစိတ်ထဲကပြောနေမိသည်။အပြင်မှာတော့ မပြောရဲ..
"Hanလေးအတွက် ကိုယ်လက်ဆောင်တွေကော မုန့်တွေပါ၀ယ်လာတယ်"
"ဟာ အများကြီး"
"နင့်ကျတော့အများကြီး၀ယ်ပေးတယ်Hanလေးရေ.. ငါ့အတွက်ကျဘာမှမပါဘူး..."
"ဟင် Yong.. ဘာလို့ Yeriအတွက်မပါတာလဲ?Hanလေးတယောက်ထဲမလိုချင်ပါဘူး... Yeriပါတ၀က် မျှပေးလိုက်မယ်လေ"
"မပေးနဲ့. Hanလေးအတွက်သီးသန့်၀ယ်လာတာ. အဲ့Yeriမက မနေ့ညကထဲကအိမ်ဘက်ကူးလာပီး အကုန်ရှာဖွေယူသွားပီ... ဒါတွေကHanလေးအတွက်သပ်သပ်.."
