ဟိုလူကြီး
HunHan"အွန်း အင်း အင်း"
မနက်ခင်းလင်းချိန်အသံပိစိမျိုးစုံနဲ့ကလေးတစ်ယောက်အိပ်ယာကနိုးလာသည်။လက်တစ်ဖက်ကိုဆန့်ထုတ်ကာ အညောင်းပြေလိုက်တော့ တစ်စုံတစ်ခုကိုထိမိသွားသည်။
"ဟင်"
ကလေးမျက်လုံးလေးဖွင့်ကာ မော့ကြည့်မိတော့ လက်တစ်ဖက်ကိုနားထင်မှာထောက်ကာ ကလေးကိုငုံကြည့်နေတဲ့လူကြီး.
မနက်ခင်းအိပ်ယာနိုးနိုးချင်း ချစ်ရသူလူကြီးမျက်နှာကိုမြင်လိုက်ရတာက ဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှု..
"မောင်"
ကလေးကိုကြည့်နေတဲ့လူကြီးလည်ပင်းကိုလက်နှစ်ဖက်နဲ့သိုင်းဖက်ကာ လူကြီးနှုတ်ခမ်းပါးထက် အနမ်းတစ်ခုခြွေချမိတော့ အံ့သြသလိုဖြစ်သွားပြီးမှ ဟက်ခနဲ့ရယ်လိုက်တဲ့လူကြီးကြောင့် ကလေးရှက်သွားရသည်။
လက်ရှိအဝတ်အစားမပါတဲ့အခြေအနေကိုကော ညကအဖြစ်ကိုပါမျက်လုံးထဲပြန်မြင်လာပြီး ကလေးလက်နှစ်ဖက်နဲ့မျက်နှာကိုအုပ်ထားလိုက်မိတော့သည်။
"ဟားဟားဟား နမ်းခံရတဲ့မောင်ကမရှက်ရဘူး ကလေးကရှက်နေတယ်ပေါ့"
"အာ မောင်နော် ကလေးရှက်နေပါတယ်ဆို"
လက်ဖဝါးအောက်ကနေ အူးအူးဝါးဝါးနဲ့ပြန်ပြောနေတဲ့ကလေးက သူ့ကိုအသည်းယားအောင်လုပ်နေသည်။
ကလေးလက်နှစ်ဖက်ကိုငုံ့နမ်းကာ ဆွဲဖယ်လိုက်တော့ လက်ကလေးတွေကပါလာပေမဲ့ မျက်လုံးတွေကတော့အတင်းဖိမှိတ်ထားဆဲ..
စိတ်ရှိလက်ရှိများ နမ်းပစ်လိုက်ရင် oh sehunတို့ ထိန်းလို့ရမှာမဟုတ်တော့.. မဖြစ်ဘူး စောစောစီးစီးမလား?
sehunစီကဘာအသံမှမကြား၍ မျက်လုံးလေးတစ်ဖက်ပွင့်လာသည်။နှစ်ဖက်လုံးစုံပွင့်လာသည်မဟုတ်ဘဲ တစ်ဖက်ထဲပွင့်လာကာ ခိုးကြည့်နေသည့်သဘော..
sehunနဲ့တိုးတော့ မျက်လုံးကိုပြန်မှိတ်သွားပြန်သည်။
"ဟိတ်.. ခိုးကြည့်မနေနဲ့ မောင်မြင်တယ်နော်.. ဘာလို့မျက်လုံးကိုအတင်းမှိတ်ထားတာလဲ?"