ဟိုလူကြီး
HunHanကောင်တာအတွင်းက စားပွဲခုံမှာထိုင်ပီး ပဲနို့ဘူးကိုမေးထောက်ကာထိုင်ကြည့်နေတဲ့Sehunကို Chenနဲ့Xingရပ်ကြည့်နေပီး ခေါင်းတခါခါနဲ့..
ဆိုင်ထဲ၀င်လာကထဲက မျက်နှာကဖြီးလို့ရယ်..
ပြီးတော့ ပဲနို့ဘူးတွေချပီး မေးထောက်ပီးထိုင်ကြည့်တော့တာဘဲ.."Hun..မနက်စာစားခဲ့ပီလား?"
"Chen မင်းမေးတာ ဒါနဲ့ဆို ၇ခါရှိပီ."
Chenစမေးကထဲက အဖက်မလုပ်.. ကြားတောင်ကြားရဲ့လားမသိသောHun.. Chenမေးတဲ့အရေအတွက်ကို Xingကလိုက်မှတ်ထားသေးသည်။
"တမင်မေးနေတာ ဘယ်နှစ်ခေါက်မြောက်မှအသိ၀င်မလဲလို့"
"အဲ့ပဲနို့ဘူးတွေကိုဘာလို့ထိုင်ကြည့်နေတာလဲ စဉ်းစားမရဘူး"
"မျက်လုံးလေ့ကျင့်ခန်းလုပ်နေတာနေမှာပေါ့"
ထိုစဉ် သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်ပီး ခေါင်းကဟိုဘက်ရမ်း သည်ဘက်ရမ်းလိုက်နဲ့Chanyeolကဆိုင်ထဲ၀င်လာသည်။
"Chen ah.. ငါ့အတွက် မနက်စာပြင်ပေးပါဦးကွာ.. ငါအိမ်ကဘာမှစားမလာဘူး"
"အေးအေး"
Chenက Yeolအတွက် မနက်စာပြင်ပေးဖို့လုပ်သည်။ဘာမသိ ညာမသိနဲ့Yeolက Hunဘေးနား၀င်ထိုင်လိုက်သည်။
"Hun.. မင်းကောမနက်စာစားပြီးပြီလား?မစားရသေးရင် ငါနဲ့တူတူစားမယ်.. "
Yeolကသူပြောချင်ရာပြောပြီး စားပွဲမှာ၀င်ထိုင်ပြီး စားပွဲပေါ်ကပဲနို့ဘူးကိုမြင်တော့..
"အမယ် ပဲနို့ဘူးဟ..ငါ့အတွက်တစ်ဘူးလား?"
ပြောပြောဆိုဆို ပဲနို့တစ်ဘူးကိုယူကာဖောက်သောက်ဖို့ပြင်တော့..
"Yarrr.. မင်းကိုဘယ်သူကတိုက်လို့ယူသောက်နေတာလဲ?ပေးစမ်း ငါ့ပဲနို့.."
Yeolလက်ထဲကပဲနို့ကိုပြန်လုကာ Hunအော်တော့ Yeolမှာပါးစပ်လေးကဟရပ်ကလေး..
"မင်းကလဲကွာ ဒီပဲနို့လေးတစ်ဘူးကို သူငယ်ချင်းအချင်းချင်းကပ်စေးနဲနေပြန်ပီ.. ဘာတန်ဖိုးမှလဲမရှိတဲ့ပဲနို့ကိုများ"