ဟိုလူကြီး
HunHanတစ်လကြာပီးတဲ့အခါ Xiuminနဲ့Chenတို့လက်ထပ်သွားကျသည်။လက်ထပ်ပွဲပြီး ညပိုင်းdinnerပွဲပါဆက်လုပ်သည်။
dinnerပွဲမှာတော့ လူအစုံမဖိတ်ဘဲ ရင်းနှီးတဲ့သူတွေန့ဲကျောင်းတုန်းကသူငယ်ချင်းတွေလောက်သာဖိတ်ခဲ့ကျသည်။ထိုအထဲမှာ Sehunတို့တက္ကသိုလ်တုန်းကမိန်းကလေးသူငယ်ချင်းတစ်စုလဲပါခဲသည်။
ကလေးနဲ့Sehunကလူတွေရှင်းတဲ့ခုံတစ်ခုမှာထိုင်နေကျသည်။
"အချစ်ကလေး ဘာစားဦးမလဲ?၀လား?မောင်သွားယူပေးရဦးမလား?"
"တော်ပီ မောင် ကလေး၀ပီ"
"ဟိတ် Hun"
"ဟာ Soojinတို့ပါလား?နင်တို့အခုမှရောက်တာလား?Chenတို့ကိုသွားနှုတ်ဆက်လိုက်ဦးလေ"
"ရောက်နေတာကြာပီ.. ဟိုဘက်မှာထိုင်နေတာ Chenက Hun ဒီဘက်မှာရှိတယ်ဆိုလို့ ပီးတော့ ဒီကောင် Haniလေ အသည်းကွဲနေလို့ ငိုရအောင် လူရှင်းတဲ့ဘက်ခေါ်လာတာ"
"ဟဟ ငါပြောပါတယ်Hani.. နင် Chenကိုစောင့်နေရင်တော့အပျိုကြီးသာလုပ်တော့လို့ပြောခဲ့တယ်မလား?"
"Sehunအယုတ်တမာ နင်ပြောလိုက်လို့နေမှာ.. ပါးစပ်စီးသွားတာဖြစ်ရမယ်"
Haniက တက္ကသိုလ်မှာကထဲကChenကိုကျိတ်ချစ်နေတဲ့သူ..Chenကသိပေမဲ့ Chenဘက်ကတော့ Haniအပေါ်ရိုးရိုးသားသားသူငယ်ချင်းထက်မပိုခဲ့..
"ငါပြောပါတယ်Haniရာ ငါ့အကိုသာယူပါလို့"
"သေလိုက်လေ Soojinမ နင့်အကိုအူအူတူတူလူပျိုသိုးကြီးတော့ မလိုချင်ဘူး"
"ငါ့အကိုလူပျိုကြီးဖြစ်နေတာ နင်ကြောင့်လေ.."
"ဟုတ်ပ Haniရာ သူ့အကိုခမျာ နင့်ကိုအရမ်းကြွေရှာတာ Chenမရတော့လဲ သူ့အကိုသာယူလိုက် ငါ့သတိုးသမီးအရံလုပ်ပေးပါ့မယ် ခ်ခ်ခ်"
"ရယ်နေ.. ရယ်နေ Green နင့်Chanyeolလဲ မကြာခင်ပါတော့မှာသိလား?"
"ဘာ.. Chanကလား?"
"ဟုတ်တယ် ငါကြားတာ Chenမိန်းမရဲ့ညီမတဲ့.. ခုနကတောင်နှစ်ယောက်တွဲတွေ့လိုက်သေးတယ်"
"ဟုတ်လားSehun."
"အေး ငါ့ကောင်သုံးယောက်လုံးဘဲ Wuညီမသုံးယောက်လုံးနဲ့.."