😒ဟိုလူကြီး😒
🍄HunHan🍄လူကြီး.. အဲ့လူကြီးကဘယ်သူလဲ?
ဆိုင်ကယ်တစ်စီးနဲ့ ကလေးတို့ကားနောက်ကိုသွားလေရာတကောက်ကောက်လိုက်နေတဲ့လူကြီး..
ကလေးတို့အိမ်ရှေ့မီးတိုင်အောက်မှာ ဆိုင်ကယ်ကြီးပေါ်ထိုင်ပီးကလေးတို့အိမ်ကိုလှမ်းကြည့်နေတက်တဲ့လူကြီး..
ဖြူလွန်းတဲ့အသားအရေ..
ရှည်လွန်းတဲ့အရပ်..
အမြဲ ဂျာကင်တွေ ဂျင်းကုတ်တွေဝတ်တက်တယ်.. လက်အိတ်ကိုတဖက်ထဲစွပ် ဆိုင်ကယ်ကြီးကိုစီးပီးရောက်ရောက်လာပုံက Indiaရဲ့ ဘိုင်ရာဘာမင်းသားလိုလို.. ဆိုင်ကယ်စီးတာအရမ်းစမတ်ကျလွန်းသူ..အဲ့လူကြီးက ဘာလို့အဲ့လိုလိုက်ကြည့်နေရတာလဲ?ဘာသဘောလဲ?ကလေးမသိပေမဲ့ အဲ့လူကြီးကို မြင်မြင်ချင်းဘဲ ကလေးချစ်မိသွားတယ်..
ဒါကြောင့်လဲ သတိထားမိနေတာပေါ့..
အဲ့လူကြီး ကလေးတို့အိမ်ရှေ့အမြဲလာနေတာ ကလေးရဲ့မမတွေကြောင့်နေမှာပါ.. အဲ့လူကြီးပုံအရ ကလေးရဲ့မမငယ် Baekနဲ့အသက်တူလောက်ပင်. အဲ့လူကြီးလို ယောကျာ်းပီသပီး မိန်းကလေးတိုင်းရဲ့ideal typeမျိုးက ကလေးလိုလူကိုချစ်ပါ့မလား?
ကလေးမမျှော်လင့်ရဲပါဘူး..
perfectဖြစ်လွန်းတဲ့ အဲ့လူကြီးက company CEOဖြစ်တဲ့ကလေးရဲ့မမကြီးWu Xiumin..
နှလုံးအထူးကုဖြစ်တဲ့မမလတ်Wu Suho..
တောင်ကိုရီးယားရဲ့အငယ်ဆုံးနဲ့အထူးချွန်ဆုံး အမျိုးသမီးရဲအရာရှိ မမငယ်Wu Baekhyun..
Wu familyမှာ.Wuညီမသုံးယောက်..Wuနတ်သမီးတွေလို့နာမည်ကြီးတဲ့မမတို့သုံးယောက်ကိုကျော်ပီး ကလေးလို ကျောင်းသားလေးကိုချစ်ပါ့မလားနော်.. ပီးတော့ ကလေးကယောကျာ်းလေးလေ..
Wu familyရဲ့အငယ်ဆုံးသား Wu Han.
အမတွေကြားမှာကြီးပျင်းခဲ့ရလို့ ယောကျာ်းလေးဆိုပေမဲ့ နူးညံ့သည်။ယဉ်ကျေးသည်။အကြမ်းပတမ်းမနေရ.. လိမ္မာတာကြောင့်ကော ချစ်ဖို့ကောင်းတာလဲပါတော့ လူတိုင်းကချစ်သည်။အလုပ်သမားတွေအပေါ်လဲ မိသားစုလိုဆက်ဆံတဲ့အတွက် အလုပ်သမားတွေကလဲ အငယ်ဆုံးလေးဆိုပီးသည်းသည်းလှုပ်..