ဟိုလူကြီး
HunHanBusဂိတ်နားမှာ Yeolကိုရှာနေတုန်း ရုတ်တရက်ကြီးလာဖက်တဲ့ မိန်းကလေးတစ်ယောက်ကြောင့်Hunကြောင်သွားသည်။ထိုမိန်းကလေးအား တွန်းထုတ်တော့
"ခနလေး အငြိမ်နေစမ်းပါ..နောက်ကလဒလေးတွေကြည့်နေလို့"
ဒီအသံသြသြကြီးအားကြားဖူးနေသလိုတော့ရှိပေမဲ့ ဒီလိုကလန်ကလားရှည်လျားထွေပြားတဲ့အရပ်နဲ့မိန်းကလေးတော့ သူနဲ့မသိတာတော့အမှန်ဘဲ..ငြိမ်ဆိုတော့အသာငြိမ်နေလိုက်သည်။
.ထိုမိန်းကလေးရဲ့နောက်ကျောဘက်ဆီက အထက်တန်းကျောင်းသားအရွယ်ကောင်လေးသုံးယောက်က တစ်ယောက်နဲ့တစ်ယောက်လက်တို့အချက်ပြကာ ထွက်သွားတော့သည်။
"ဟိုမှာသွားကုန်ပြီ ဖယ်တော့"
"ဟူး စိတ်ရူပ်ရတဲ့အထဲ. သူငယ်နာမစင် ငါနဲ့Baekနဲ့မွေးမှ ငါ့သားလောက်အရွယ်တွေကလာပြီး နှာဘူးထနေသေး.yarr Hun ငါဟ"
သူ့ကိုကြောင်ကြည့်နေတဲ့Hunကိုအော်လိုက်တော့
"အသံတော့ကြားဖူးသလိုဘဲ"
"မင်းအဖေ Park Chanyeol"
"ဘာာ!!.. မင်းက အော် ဒါကြောင့်အသံကတူတယ်ထင်နေတာ နေပါဦး မနက်ကထိယောကျာ်းစစ်စစ်ပါ အခုမင်းက လိုင်းပြောင်းလိုက်တာလား?"
"လဒပြောင်းစရာလား?.. ဒီရုပ်ဒီရည် ဒီခန္ဓာကိုယ် ဒီအရပ်အမောင်းနဲ့"
"အာ့ဆို မင်းကဘာစိတ်ကူးပေါက်လာတာလဲ?"
"အရင်ဆုံး ကားပေါ်တက်မယ်ကွာ ဒီပုံစံကြီးနဲ့ ငါနေရခက်လာပီ ဆိုင်သာအမြန်ေမာင်းတော့ ကားပေါ်ကျမှပြောပြမယ်"
Hunကားပေါ်တက်ကာမောင်းထွက်လိုက်သည်။Hunဘေးဘက်က Yeolကိုသေချာကြည့်ပီးအူတက်နေသည်။
Yeolအရပ်ကလန့်ကလားနဲ့ ဂါ၀န်ကပေါင်တိုလေး သာမာန်မိန်းကလေးသာဆို ဒူးအောက်လောက်ရှိနိုင်ပေမဲ့ ပိုက်ဆံမပေးရတိုင်း အလကားရှည်နေတဲ့Yeolအရပ်ကြောင့်ပေါင်တိုလေးသာ.. ဆံပင်အတုကစွပ်ထားသေးသည်။မိတ်ကပ်ကလဲပြင်ထားကာ နားဆွဲကလဲအကြီးကြီးနဲ့ ..
Yeolပုံစံက တခြားသူစိမ်းအတွက် modelတစ်ယောက်လိုပြည့်စုံဲတဲ့မိန်းကလေးပေမဲ့ သူငယ်ချင်းဖြစ်တဲ့သူ့အတွက်ကျ ရယ်စရာဖြစ်နေလေသည်။Yeolနဲ့ဘယ်လိုမှမအက်စပ်တဲ့ပုံစံပင်..