part-11

997 112 30
                                    

"ညီ...တစ်ခုခုအဆင်မပြေလို့လား?"

ပင်လယ်ပြာလေးထွက်သွားပြီးနောက်မှာညီ့ရဲ့မျက်နှာကပြိုတော့မယ့်မိုးလိုဖြစ်လာတာကြောင့်ဟိုဆော့မေးလိုက်သည်....

"ကျွန်တော်တို့ဒီပွဲကနေအပြင်ခဏလောက်သွားကြရအောင်အကို!"

"ကောင်းပါပြီဗျာ..."
.....

ပါတီမှအပြင်ကိုထွက်လာချင်တဲ့ညီ့ကြောင့်ဟန်မြစ်ကိုလမ်းလျှောက်ထွက်ခဲ့ကြသည်....

"ညီ....."

ရုတ်တရက်လမ်းလျှောက်နေရင်းမှဟိုဆော့ကိုဖတ်လိုက်တဲ့ဂျီမင်းကြောင့်ဟိုဆော့နှုတ်ဖျားမှကြောင်တောင်တောင်ဖြင့် 'ညီ' ဆိုသည့်နာမ်စားလေးသာ.....

"ဒီအတိုင်းလေးနေပေးပါအကို....
အကို့အပြင်ဘယ်သူမှမရှိတော့လို့ပါ။"

ညီရယ်..လို့သာစိတ်ထဲတမိလိုက်သည်..
ဒီဇာတ်လမ်းလေးထဲမှာအပင်ပန်းဆုံးသူကိုထောက်ပြပါဆိုလျှင်ဂျီမင်းသာဖြစ်သည်....

ကလေးငယ်ကအရမ်းပင်ပန်းခဲ့တာ....
ကလေးငယ်ပင်ပန်းသလိုအကိုကလဲပင်ပန်းခဲ့တာပါပဲငယ်ရယ်......

"ကိုယ့်ရဲ့သံစဉ်လေးကဝမ်းနည်းနေတာကို..."

......

"အကိုအမြဲတမ်းရှိပေးမှာသိတယ်မလား?အကိုကညီ့ဘေးမှာ အမြဲရှိနေပေးမှာ.."

"ယုံပါတယ်အကို...ဒီလောက်အချိန်အကြာကြီးအတွင်းမှာကျွန်တော့်လိုရောဂါသည်ကိုအကိုအမြဲစိတ်ရှည်သည်းခံပေးပြီးပြုစုခဲ့တယ်...."

ဟုတ်ပါတယ်။လွန်ခဲ့တဲ့နှစ်(၂၀)လောက်တုန်းကအကြောင်းအရင်းတစ်ခုကြောင့်ကျွန်တော်အဝေးကိုထွက်သွားခဲ့တုန်းကအကိုကပဲကျွန်တော့်နောက်ကိုလိုက်ပြီးအစစအရာရာဂရုစိုက်ပေးခဲ့တာ....

မှတ်မိတယ်..အရာရာအားလုံးကို!!!
ရက်စက်ခဲ့တာ!!!ရင်ထဲမှာပြောပြမတတ်အောင်ချစ်ခဲ့တဲ့သူတွေက!!!ကျွန်တော့်အပေါ်လုပ်ရက်ခဲ့ကြတာ!!

အနှစ်(၂၀)လုံးလုံးရင်ထဲမှာနာကျည်းချက်တွေကိုသိမ်းထားပြီးခံစားခဲ့ရတဲ့ရောဂါကြီးကိုပျောက်အောင်ကုသခဲ့ရတာ...
နေ့စဉ်ရက်စက်တိုင်းနာကျင်နေခဲ့ရတာ....
စိတ်ပျက်ဖို့ကောင်းတဲ့ကျွန်တော်ကသူတို့တွေကိုမမုန်းရက်ခဲ့ပြန်ဘူး.....
သိပ်သိတာပေါ့။မုန်းတယ်၊နာကျည်းတယ်လို့သာသူများတွေကိုလိမ်လို့ရပေမယ့်ကိုယ့်ကိုကိုယ်လိမ်လို့မရတာပတ်ဂျီမင်းသိပ်သိတာပေါ့....

Too Close Love💔Where stories live. Discover now