"အို့..."
ထယ်နဲ့စကားပြောပြီးကော်ဖီဆိုင်ထဲကနေပြေးထွက်လာခဲ့တာ..
လမ်းမှာအန်တီကြီးတစ်ယောက်မူးလဲမလိုဖြစ်နေတာနဲ့...."အန်တီအဆင်ပြေရဲ့လား!?"
"အေးကွယ်။ခရီးပမ်းလို့ခေါင်းလေးမူးသွားတာပါသားရယ်..."
"ခဏလောက်နားလိုက်ပါလားအန်တီ...လာ..ဟိုမှာကျွန်တော်အလုပ်လုပ်နေတဲ့ကော်ဖီဆိုင်လေးရှိတယ်။ခေါင်းကြည်သွားအောင်ကော်ဖီလေးသောက်ပြီးခဏလောက်အငြိမ်နေလိုက်ပါလား?အစာရောရှိရဲ့လားအန်တီ..."
"ဟုတ်ပါပြီသားရယ်..."
"တီလေး!!"
အန်တီ့ကိုတွဲခေါ်နေတုန်းမှာဘယ်ကမှန်းမသိတဲ့သူတစ်ယောက်က...နေပါဦး!ဒီအသံက?...
"Jin hyung..."
"Jimin!!!"
"အမယ်လေးလန့်လိုက်တာသားဂျင်ရယ်..ဖြေးဖြေးပြောပါ။"
"တီလေးနဲ့ဂျီမင်းကဘယ်လိုလုပ်ပြီး!!!???"
အလန့်တကြားနဲ့မေးနေသောဂျင်ဟျောင်းက...
ဘယ်လိုဖြစ်နေတာပါလိမ့်??"အန်တီနဲ့ဂျင်ဟျောင်းနဲ့ကသိနေတာလား?ကျွန်တော်ကဒီမှာအန်တီမူးလဲမလိုဖြစ်သွားတာမြင်လို့ကူညီပေးနေတာ..."
"ဟုတ်တယ်သားဂျင်ရဲ့..."
"အန်တီ!အဲ့ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး..ဂျင်ဟျောင်းနဲ့ကသိနေတာဆိုတော့..."
"သား..နေပါဦး!သားတို့ကသိနေကြတာပဲ!အန်တီနဲ့မိတ်ဖြစ်ဆွေဖြစ်ကော်ဖီလိုက်သောက်ပါ။နော်..သားလေ..."
"တီလေးကလဲဂျီမင်းကမအားလို့နေမှာပါ။..."
ဂျင်ဟျောင်းကစကားဖြတ်ပြောသည်။
ပုံမှန်ဆိုရင်ဖော်ရွေနေတတ်တဲ့ဂျင်ဟျောင်းကအခုမှဘာလို့..."ကျွန်တော်ကအားပါတယ်။အန်တီတို့ကိုအားနာလို့ပါ."
"အားမနာပါနဲ့သားငယ်ရယ်။လာ..အန်တီတို့သွားကြမယ်။ကော်ဖီဆိုင်လေးကဒီနားလေးတင်ပဲလေ.."
"ဟုတ်ကဲ့..."
AT cafe...!
"တီလေး!!!"
ဟိုက်!..
သေရော...ထယ်လေးကမပြန်သေးဘူးလားဟ!!
နေပါဦးပြီတော့အန်တီတို့နဲ့ကသိနေပြန်ရောလား??
ESTÁS LEYENDO
Too Close Love💔
FanficSome loves can not be seen if they are too close. For example, you do not see my love *တစ်ချို့အချစ်တွေကအရမ်းနီးကပ်လွန်းရင်မမြင်နိုင်ကြဘူး။ ဥပမာ-ငါ့အချစ်တွေကိုမင်းမမြင်သလိုပေါ့...* Start -Nov (27) 2021 End-